
ယူရိုပါလိဂ် ရှုံးထွက် အဆင့် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် အင်္ဂလန် ထိပ်သီး မန်ယူနဲ့ ပြင်သစ် ကလပ် စိန့်အက်တီယန်တို့ ဖေဖော်ဝါရီ ၂၂ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မန်ယူဟာ ပထမအကျော့မှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဒီပွဲမှာ အီဘရာဟီမိုဗစ်၊ ပေါ့ဂ်ဘာ၊ မာတာ၊ မစ်ခီတာယန်း၊ ဘိုင်လီ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။
စိန့်အက်တီယန်အသင်းဟာ ပထမအကျော့မှာ ဂိုးပြတ်ရှုံးထားခဲ့တဲ့အတွက် ဒီပွဲမှာ ကြိုးစားကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့် အသာစီးရခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ဂိုးကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။
မန်ယူအတွက် တလုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၁၆ မိနစ်မှာ မာတာရဲ့ ဖြတ်တင်ဘောမှတဆင့် မစ်ခီတာယန်းက အနီးကပ်ပိတ်သွင်းပြီး ရယူပေးခဲ့ပါတယ်။
အနိုင်ဂိုးသွင်းပြီး မကြာခင်မှာပဲ မစ်ခီတာယန်း ဒဏ်ရာရသွားတဲ့အတွက် ရပ်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့ရပါတယ်။
ပွဲချိန် ၆၃ မိနစ်မှာ မန်ယူ အဓိကနောက်ခံလူ အဲရစ်ဘိုင်လီ ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။
မန်ယူဟာ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတဲ့အတွက် ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/191037





No comments:
Post a Comment