ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီး တိုက်စစ်မှူး ရီမီကို လာမယ့် ဇန်န၀ါရီ အပြောင်း အရွှေ့ဈေးကွက်မှာ အငှားနဲ့ ခေါ်ဖို့ ပစ်မှတ် ထားနေ တယ်လို့ အက်စတွန် ဗီလာအသင်း နည်းပြက ပြောလိုက် ပါတယ်။
တန်းဆင်းဇုန် ထဲမှာ ရုန်းကန် နေရတဲ့ အက်စတွန် ဗီလာ အသင်းဟာ တိုက်စစ်မှာ အားဖြည့်ဖို့ အတွက် ချဲလ်ဆီး တိုက်စစ်မှူးကို ခေါ်ယူ ချင်နေတာပါ။
“တိုက်စစ်မှူး ရီမီက ပရီးမီးယား လိဂ် အကြောင်းကို သိပါတယ်၊ သူက အသင်း အတွက် စိတ်ဝင် စားဖို့ကောင်းတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်” လို့ အက်စတွန်ဗီလာ နည်းပြ ဂါဒီက ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး ရီမီဟာ ကျုပီအာအသင်းကနေ ပြီးခဲ့တဲ့နှစ်မှာ ပေါင် ၁၀ သန်းကျော်နဲ့ ချဲလ်ဆီးကို ရောက်ရှိလာတာပါ။
သူဟာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက် ၁ ပွဲပဲ ကစားခွင့် ရထားပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၉ ပွဲ ကစားထားပြီး ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/129098
No comments:
Post a Comment