အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီး ဆောက်သင်တန် ပွဲမှာ ဒိုင် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့လို့ ဒဏ်ငွေ ပေးဆောင်ဖို့ ချမှတ်ထားတဲ့ ချဲလ်ဆီးအသင်း နည်းပြ မော်ရင်ဟို ရဲ့ အယူခံကို အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ)က ပယ်ချ လိုက်ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအသင်းကို ပင်နယ်တီမပေးခဲ့တဲ့ ဒိုင်ကို မော်ရင်ဟိုက ဘက်လိုက်တယ်လို့ ဝေဖန်ခဲ့တဲ့ အတွက် အက်ဖ်အေက ပေါင် ၅ သောင်းနဲ့ တပွဲ ကြီးကြပ်ခွင့် ပိတ်ဖို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီပြစ်ဒဏ်ကို ရှက်စရာကောင်းတယ်လို့ မော်ရင်ဟိုက တုံ့ပြန်ခဲ့ပြီး အယူခံ လျှောက်ထားရာမှာ ပယ်ချခံရတာ ဖြစ်ပါတယ်။
၁၀ နှစ်အတွင်း အက်ဖ်အေက မော်ရင်ဟို အပေါ် အပြစ်ပေးတာ ၇ ကြိမ်ရှိပြီး ဒဏ်ငွေ ဆောင်ရတာကလည်း ပေါင် ၁ သိန်း ၈ သောင်းရှိသွားပြီ ဖြစ်ပါတယ်။
Original link - http://burmese.dvb.no/archives/117465
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment