အင်္ဂါနေ့ ညမှာ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် ဘိုင်ယန်မြူးနစ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမယ့် အာဆင်နယ် အသင်းဟာ အံ့အား သင့်ဖွယ် ရလဒ် ထွက်ပေါ် လာအောင် ကစား သွားနိုင်မယ်လို့ ခံစား မိကြောင်း သူတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး Henry က ပြောပါတယ်။
ဂန်းနားတွေဟာ ဒိုင်နမိုဇာဂရက်နဲ့ အိုလံပီယာကော့စ် အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီး တဲ့နောက် ချန်ပီယံလိဂ်မှာ အုပ်စုရဲ့ အောက်ဆုံးမှာ ရပ်တည်နေ ရတာပါ။ ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ကစားမယ့် ပွဲစဉ်ဟာ အာဆင်နယ် အတွက်အုပ်စု အဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့မှာ အဓိက အရေးပါနေ တာလည်း ဖြစ်ပါတယ်။
ဘိုင်ယန်အသင်းဟာ သူတို့ရဲ့အကောင်းဆုံး ရာသီအဖွင့်ပုံစံကို ရနေပြီး ဂိုးတွေလည်း မြူးနေခဲ့တာပါ။ သူတို့အသင်းဟာ ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံးပုံစံတစ်ခုကို ပြသထားနိုင်ပြီး အုပ်စုရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာကြောင့် အာဆင်နယ်အသင်းက ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေတာပါ။
ဥရောပအဆင့်မှာဘိုင်ယန်မြူးနစ်အသင်းဟာအာဆင်နယ်အသင်းကို နောက်ဆုံးသုံးရာသီအတွင်းမှာ နှစ်ရာသီအထိ အိမ်လှည့်ပြန် ရအောင် ဒုက္ခပေးတတ်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်ရာသီ aတွမှာ တွေYဆုံဖူးတဲ့ အစဉ်အလာတွေကြောင့် အာဆင်နယ်အသင်းဟာ ဘိုင်ယန်ကို အကောင်းဆုံး တုံ့ပြန်နိုင်မယ်လို့ Henry က ထင်နေတာပါ။
ဒါကြောင့် Henry က The Suns သတင်းစာရဲ့ သူ့ column မှာ " အာဆင်နယ်အသင်းဟာ လွန်စွာကွဲပြားတဲ့ ကစားပုံကို ရနေပြီ။ မေးစရာရှိတာကတော့ သူတို့ဟာ မိနစ်ကိုးဆယ်လုံး မြင့်မားတဲ့ Tempo နဲ့ ဘိုင်ယန်ကို ခြိမ်းခြောက်နိုင်မလားပဲ။ နောက်တစ်ချက်ကတော့ Arsene ကတော့ Petr ကို အလှည့်ကျပွဲ မထုတ်သင့်သေးဘူး။ အိုလံပီယာကော့စ်နဲ့ပွဲတုန်းက သင်ခန်းစာကို မှတ်မိသင့်တယ်။
အကယ်လို့သာ ဘိုင်ယန်ကို အဓိက ကစားသမားတွေနဲ့ ရင်မဆိုင်ဘူးဆိုရင်တော့ အိမ်မှာပဲ နေ,နေသင့်တယ် " လို့ Henry က အကြံပြုရေးသားထားတာပါ။
Ref : Mirror
Original link - http://sports.thithtoolwin.com/2015/10/petr-cech-henry.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment