မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 20, 2015

ဆေးအဖွဲ့ကြောင့် နှစ်ခါနာဖြစ်ရသည့် ဒဏ်ရာရ ဘောလုံးသမား (ရုပ်သံ)




ဘောလုံး ကစားရင်း ကွင်းအတွင်း ဒဏ်ရာရ ကစားသမား တဦးကို ကုသပေးဖို့ ကြိုးစားတဲ့ ဆေးအဖွဲ့ကြောင့် ကစားသမားတွေ ပိုမို နာကျင်စေ တယ်လို့ ပြောရင်တော့ မမှားနိုင်ပါဘူး။

ဂရိနိုင်ငံ ဒုတိယတန်း ကလပ်ပြိုင်ပွဲမှာ ဒဏ်ရာရ ကစားသမား တဦးကို ဆေးအဖွဲ့က ကြမ်းကြမ်း တမ်းတမ်းနဲ့ ထမ်းစင်ပေါ် တင်လိုက် ပါတယ်။

ဒီနောက် ကစားသမားကို ကုသပေးဖို့ ကွင်းအတွင်းက အမြန်ထွက်ဖို့ ကြိုးစားရာမှာ ထမ်းစင်နဲ့ အတူ ပထမ တကြိမ် မှောက်လဲကျ သွားပါတယ်။

ဒီနောက် ဒုတိယ အကြိမ်ပြန်သယ်ဖို့ ကြိုးစားရာမှာ ထပ်မံ လဲကျသွားတဲ့ အတွက် ဒဏ်ရာရ ကစားသမားဟာ အနာပေါ် တုတ်ကျ သလို ဖြစ်ခဲ့ ရပါတယ်။

ကွင်းအပြင် ရောက်တဲ့ အချိန်မှာလည်း ထမ်းစင်ကို ညင်ညင်သာသာ မချဘဲ ပြစ်ချခဲ့လို့ ကစားသမား အတွက် ဆိုးဆိုးဝါးဝါး ခံစားရမှာ အသေချာပါ။

ဒါ့အပြင် ဒီပွဲမှာ ဒဏ်ရာရ ကစားသမားရဲ့ ကလပ်က ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပြန်တော့ ဘောလုံးပွဲမှာ ရတဲ့ ဒဏ်ရာက ကစားသမား အတွက် ပိုမို နာကျင်စေမှာ အမှန်ပါပဲ။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117522

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment