
အောက်တိုဘာ ၁၁ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စု ဒီ မှာ ဂျာမနီက ဂျော်ဂျီယာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင် သွားပါတယ်။
ဂျာမနီ အသင်းဟာ မထင်မှတ်ဘဲ ဂိုးရဖို့ ရုန်းကန် ခဲ့ရပြီး ဒုတိယပိုင်း မိနစ် ၅၀ မှာ ရရှိတဲ့ ပင်နယ်တီကို တိုက်စစ်မှူး မူလာ ကန်သွင်းပြီး အဖွင့်ဂိုး ရသွား ခဲ့တာပါ။
ဒါပေမယ့် ၅၃ မိနစ်မှာ ဂျောဂျီယာက ချေပဂိုးရရှိသွားခဲ့ပြီး အသင်းခေါင်းဆောင် ကန်ကာဗာက ဧရိယာ အပြင်ဘက်ကနေ မြေမကျဘော ကန်သွင်းခဲ့တာပါ။
ပွဲချိန် ၇၉ မိနစ်မှာတော့ လူစားဝင် ကစားသမား မက်စ်ခရုစ်က အိုဇေး ဖန်တီးပေးတာကနေ အနိုင်ဂိုး သွင်းယူသွားခဲ့လို့ ဂျာမနီက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
အုပ်စု ဒီ ရဲ့ အခြားပွဲရလဒ်တွေကတော့ ပိုလန်က အိုင်ယာလန်ကို ၂ ဂိုး ၁ ဂိုး၊ စကော့တလန်က ဂျီဘရော့တာကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။
လောလောဆယ် အုပ်စု ဒီ မှာ ဂျာမနီက အုပ်စုဗိုလ်၊ ပိုလန်က အုပ်စု ဒုတိယနဲ့ ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116064






No comments:
Post a Comment