
ဗြိတိန်နိုင်ငံ လန်ဒန်မှာ ယှဉ်ပြိုင် သွားတဲ့ ၀င်ဘယ်ဒန် အိုးပန်း အမျိုးသမီး တဦးချင်း ဆီမီး ဖိုင်နယ်ပွဲစဉ်မှာ နာမည်ကြီး ဆရီနာ ၀ီလျံက အယ်လီနာ ဗက်စ်ဆီနာကို ၂ ပွဲပြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွား ပါတယ်။
ကမ္ဘာ့ အဆင့် ၁ ဖြစ်တဲ့ အမေရိကန်သူ ဆရီနာဟာ ပွဲအစ အဆုံး လက်ရည် အသာနဲ့ ထိမ်းချုပ် ကစားပြီး အနိုင် ရခဲ့တာပါ။
အသက် ၃၄ နှစ်အရွယ်ရှိ လက်ရှိချန်ပီယံ ဆရီနာဟာ ၀င်ဘယ်ဒန်အိုးပန်းပြိုင်ပွဲမှာ ၉ ကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲကို တက်လှမ်းသွားတာပါ။
ဆရီနာဟာ ၀င်ဘယ်ဒန်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရင် ကစားသမားဟောင်း စတက်ဖီဂရပ် တင်ထားတဲ့ ဂရန်းစလန်း ဆုဖလား ၂၂ ခုရတဲ့ စံချိန်ကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။
သူမဟာ ဗိုလ်လုပွဲမှာတော့ ဂျာမနီက ကာဘာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158272

No comments:
Post a Comment