မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 4, 2016

ပီအက်စ်ဂျီနှင့် ဆက်သွယ်နေသည့်သတင်းများကို ကော်တွိုက်ပယ်ချ




မေ ၄၊ လန်ဒန်

ပီအက်စ်ဂျီ အသင်း၏ ဆက်သွယ် ခြင်းကို ခံနေ ရသည် ဆိုသည့် သတင်း များကို ကော်တွိုက်က ပယ်ချလိုက်ပြီး ချယ်လ်ဆီး တွင်သာ ဆက်ကစားရန် ရာနှုန်းပြည့် သေချာသည်ဟု အာမခံပြောဆို လိုက်သည်။

ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ဖလားကာကွယ်နိုင်ခြင်းမရှိခဲ့သကဲ့သို့ ချန်ပီယံလိဂ်ဝင်ခွင့်လည်းမရခဲ့သောကြောင့် ယင်းဂိုးသမားသည် စတန်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေသည်။

ချယ်လ်ဆီးနှင့် ၂၀၁၉ ထိစာချုပ်သက်တမ်းရှိနေသေးသည့် ကော်တွိုက်သည် မကြာသေးခင်ကလည်း ဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့သတင်းများ ကို ပယ်ချခဲ့သေးသည်။

"ကျွန်တော့်စာချုပ်သက်တမ်း သုံးနှစ်ကျန်နေသေးပြီး ဒီမှာပဲဆက်ရှိဖို့ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။ ရလဒ်တွေဆိုးနေချိန်မှာ ကောလာဟလ တွေက အသင်းတွေကို ရိုက်ခတ်လေ့ရှိပါတယ်။
ထိပ်တန်းကစားသမားတွေ ချန်ပီယံလိဂ်မကစားရဘူးဆိုရင် အသင်းပြောင်းချင်ကြတယ်လို့ လူတွေကထင်နေတယ်။ ဒီပြီုင်ပွဲကို နောက်နှစ်မှာ မကစားရတာက ကျွန်တော်တို့ရဲ့အမှားကြောင့်ဆိုတာ လူတိုင်းသိပါတယ်။

ချန်ပီယံလိဂ်မကစားရတာ မန်ယူ၊ ဒေါ့မွန်တို့လိုအသင်းမျိုးတွေမှာလည်း ဖြစ်ဖူးတာပဲ။ ဒီရာသီမှာ ချန်ပီယံဘွဲ့ကို ကျွန်တော်တို့မကာကွယ်နိုင်ခဲ့ ဘူး။ ကျွန်တော်တို့အင်အားတောင့်တင်းလာဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရဖို့ တစ်သင်းလုံးအတူတကွကျိုးစားကြရမယ်"ဟု ကော်တွိုက် ကဆိုသည်။

ဆက်လက်၍၎င်းက ပီအက်စ်ဂျီအသင်းနှင့်လည်း မည့်သည့်အခါကမှ အဆက်အသွယ်မရှိခဲ့ဖူးကြောင်း ပြောဆိုသည်။

Ref; goal.com

မဇ္ဈိမသတင်း by - ဝေဘုန်းလူ

Originally published at - http://mizzimaburmese.com/article/13817

No comments:

Post a Comment