
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ စီးတီး အသင်း နောက်ခံလူ ပါဘလို ဇာဘလက်တာဟာ စပိန် လာလီဂါ ထိပ်သီး ရီးရဲလ် မက်ဒရစ် အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာ ခြေသလုံး ဒဏ်ရာကြောင့် ကစားနိုင်မှာ မဟုတ်ပါဘူး။
ဧပြီ ၃ ရက်က လူမှုကွန်ရက် တွစ်တာကနေ တဆင့် ရာသီ လက်ကျန် ပွဲတွေကို လွဲချော်မယ်လို့ အတည်ပြု လိုက်ပါတယ်။
ပထမအကျော့မှာတော့ ဇာဘလက်တာနေရာမှာ ဆက်နာကို အစားထိုး အသုံးပြုခဲ့ပါတယ်။
သူဟာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပေမယ့် ထင်သလောက် မကစားနိုင်ခဲ့ပါဘူး။
ဇာဘလက်တာဟာ ဘောလုံးရာသီတလျှောက်လုံး ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ၁၃ ပွဲနဲ့ ချန်ပီယံလိဂ် ၃ ပွဲသာ ကစားနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/148213

No comments:
Post a Comment