
ကမ္ဘာ အရပ်ရပ်က လေထီးခုန် စစ်သားတွေ ၀င်ရောက် ယှဉ်ပြိုင်တဲ့ စစ်လေထီးခုန် ချန်ပီယံ ပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့ အပြင် ဘက်မှာ ဇူလိုင် ၂၉ ရက်နေ့က နောက်ဆုံးနေ့ အဖြစ် ကျင်းပ ခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့ ကတည်းက စတင် ခဲ့တာ ဖြစ်ပြီး ဂျာမနီ၊ ကာတာ၊ ချက်သမတ နိုင်ငံ၊ အိမ်ရှင် ရုရှားတို့က လေထီးခုန် စစ်သားတွေ ၀င်ပြိုင် ခဲ့ကြ ပါတယ်။
ဝေဟင်ကနေ မြေပြင်ဆီ လေထီး ခုန်ချရာမှာ တိကျ မှုကို စစ်ဆေးတဲ့ ပြိုင်ပွဲ၊ တဦးချင်း aလထီးခုန်၊ အဖွဲ့လိုက် လေထီးခုန် စသဖြင့် ပြိုင်ပွဲ မျိုးစုံ ပါဝင် ပါတယ်။
နောက်ဆုံးနေ့မှာ မိတ်ဖွဲ့ aလထီးခုန် ‘jump of friendship’ ပြိုင်ပွဲကို ယှဉ်ပြိုင် ရပါတယ်။ လေထီးခုန် စစ်သားတွေ လက်ချင်း ချိတ်ပြီး ခုန်ဆင်း ရတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲဟာ အကြိမ် ၄၀ မြောက်ဖြစ်ပြီး နောက်နှစ် ကျရင် ဂျာမနီနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပဦးမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/161426

No comments:
Post a Comment