
တရုတ်နိုင်ငံမှာ ကစားနေတဲ့ နိုင်ငံ တကာ ဖလား ပြိုင်ပွဲမှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးက ဂျာမနီ ဘွန်ဒစ် လီဂါက ဒေါ့မွန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင် ရရှိသွား ပါတယ်။
ပထမပိုင်းမှာ တဘက်နဲ့ တဘက် ဂိုးမသွင်းနိုင် ပေမယ့် ဒုတိယပိုင်း ၇၉ မိနစ်မှာ မန်စီးတီး အသင်း အတွက် အဂွီရိုက အဖွင့်ဂိုး သွင်းယူ ပါတယ်။
ဒါပေမယ့်လည်း ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပိုမှာ ဒေါ့မွန် အသင်းက ချေပဂိုး သွင်းယူ သွားတာကြောင့် ၁ ဂိုးစီ သရေကျ သွားပါတယ်။
ဒီအတွက် အချိန်ပိုမကစားဘဲ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ မန်စီးတီးအသင်းက ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ဒီပွဲဟာ မန်စီးတီးနည်းပြသစ် ဂွာဒီယိုလာ တာဝန်ယူပြီးတဲ့နောက် အသင်းအတွက် ပထမဆုံး နိုင်ပွဲတပွဲလည်း ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/161316

No comments:
Post a Comment