မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, July 29, 2016

ဗီယက်နမ်နှင့် ထိုင်း အမျိုးသမီးအသင်း ဂိုးပြတ်နိုင်ပြီး အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးတက်




အာဆီယံ အမျိုးသမီး ချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စု က ဒုတိယ ပွဲစဉ်တွေကို ဇူလိုင် ၂၈ ရက် နေ့က ယှဉ်ပြိုင် ကစား ခဲ့ရာမှာ ဗီယက်နမ်နဲ့ ထိုင်းအသင်းတို့ ဂိုးပြတ် နိုင်ပွဲတွေ ရယူနိုင် ခဲ့လို့ အုပ်စု နောက်ဆုံးပွဲ ကစားဖို့ ကျန်သေး ပေမယ့် အကြို ဗိုလ်လုပွဲ တက်ရောက် ခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ် အသင်းက ဖိလစ်ပိုင် အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရ ခဲ့တာဖြစ်ပြီး ထိုင်းအသင်းက စင်ကာပူ အသင်းကို ၈ ဂိုးပြတ်နဲ့ နိုင်ပွဲ ရခဲ့တာပါ။

အုပ်စု က မှာ ထိုင်းနဲ့ ဗီယက်နမ် တို့က ၂ ပွဲကစား ရမှတ် ၆ မှတ်စီ ရရှိထားပြီး ဂိုးကွာခြားချက် အသာရတဲ့ ဗီယက်နမ် အသင်းက အုပ်စု ပထမနဲ့ ဦးဆောင်နေ ပါတယ်။

စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ကတော့ နှစ်ပွဲစလုံး ရှုံးခဲ့လို့ အမှတ် မရသေး ပါဘူး။

အုပ်စု က နောက်ဆုံး ပွဲစဉ်တွေကို လာမယ့် ဇူလိုင် ၃၀ ရက်မှာ ယှဉ်ပြိုင် ကစားမှာဖြစ်ပြီး ဗီယက်နမ်နဲ့ ထိုင်း၊ စင်ကာပူနဲ့ ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင် ကစားရမှာ
ဖြစ်ပါတယ်။

ဓာတ်ပုံ – လွှမ်းမိုးအောင်

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/161270

No comments:

Post a Comment