
နောက် တဆင့် တက်ဖို့ အတွက် အဆုံး အဖြတ် ပေးမယ့် ဘောလုံးပွဲ တွေမှာ ပင်နယ်တီ ကန်သွင်းတဲ့ အချိန် ဘောလုံး ကစားသမား တွေက စိတ်လှုပ်ရှားပြီး အမှား အယွင်းတွေ ဖြစ်တတ် ပါတယ်။
နာမည်ကြီး ဘောလုံး သမားတွေ ဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒို တို့လည်း စိတ်ဖိစီးတဲ့ အတွက် ပင်နယ်တီကို ဂိုးအဖြစ် မဖန်တီးနိုင်ဘဲ လွဲချော် တာတွေ ရှိခဲ့ဖူး ပါတယ်။
ဒါပေမယ့် ဒီရုပ်သံ ဖိုင်မှာတော့ ပင်နယ်တီ ကန်သွင်းရာမှာ အလွဲလွဲ အချော်ချော် ဖြစ်နေ ပေမယ့် ဂိုးရအောင် ကန်သွင်း သွားနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ရူးကြောင်ကြောင်နဲ့ ဟာသဆန်တဲ့ ပင်နယ်တီဖြင့် သွင်းဂိုး ၁၀ ဂိုးလို့ အမည်ပေး ထားပြီး ဘောလုံး သမိုင်း တလျှောက်က ငိုအားထက် ရယ်အားသန်တဲ့ ပင်နယ်တီ သွင်းဂိုးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပင်နယ်တီကန်ဖို့ ဘောလုံးဆီကို အရှိန်နဲ့ အသွားလဲကျသွားပေမယ့် ဂိုးအဖြစ် ကန်သွင်းနိုင်တဲ့ ပင်နယ်တီအပြင် တခြား ကြောင်တောင်တောင်နိုင်တဲ့ သွင်းဂိုးတွေကို စုစည်းထားတာ ဖြစ်ပါတယ်။
ရုပ်သံဖိုင်ကို Football Soccer #1ဆိုတဲ့ အကောင့်က ယူကျူပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/161433





No comments:
Post a Comment