
၂၀၁၆ ခုနှစ် ဇွန်မတိုင်မှီ ကစားခဲ့တဲ့ ဘောလုံးပွဲတွေ ထဲက အလွတ် တည်ကန်ဘော တွေကနေ တဆင့် ဂိုးတွေ သွင်းယူ သွားတဲ့ အကောင်းဆုံး အလွတ် တည်ကန်ဘော တွေကို စုစည်း ထားပါတယ်။
ဒီဂိုးတွေထဲမှာ မက်ဆီ၊ ရော်နယ်ဒို၊ ပေယက်၊ နေမာ၊ ဘေးလ်၊ ၀ီလီယံ၊ ရော်ဒရီဂွတ်ဇ်နဲ့ တခြား ကစားသမားတွေရဲ့ အလွတ်တည်ကန်ဘောကနေတဆင့် ဂိုးတွေ သွင်းယူသွားတဲ့ ဖြစ်ရပ်ကို စုစည်းထားတာ ဖြစ်ပါတယ်။
တချို့သွင်းယူသွားတဲ့ ဂိုးတွေက အမြင်အာရုံအရ မဖြစ်နိုင်ဘူးထင်ရပေမယ့် ဘောလုံးတွေ ကွေ့ဝိုက်ပြီး ဂိုးထဲဝင်သွားတဲ့ ဂိုးတွေကို FootoZက စုစည်းထားပြီး ယူကျူပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။
အကောင်းဆုံး အလွတ်တည်ကန်ဘောတွေကို ကလပ်အသင်းပြိုင်ပွဲတွေက အများဆုံး စုစည်းထားတာ ဖြစ်ပြီး နိုင်ငံတကာပွဲလည်း အနည်းငယ်ပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/161450

No comments:
Post a Comment