မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 22, 2017

လီဗာပူး လူငယ်အသင်း နည်းပြ အဖြစ် ဂျရတ် စတင် တာဝန်ယူ




အင်္ဂလန် အသင်းနဲ့ လီဗာပူး ကစားသမားဟောင်း စတီဗင် ဂျရတ်ဟာ လီဗာပူး လူငယ် အသင်း နည်းပြ အဖြစ် စတင် တာဝန် ယူနေပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိ ဂျရတ်ဟာ ၂၀၁၄ ခုနှစ်က လီဗာပူး အသင်းကနေ မေဂျာလိဂ် ကလပ် အယ်လ်အေဂလက်ဇီ အသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ကစားသမား ဘ၀ အနားယူ အပြီးမှာ လီဗာပူး အသင်းဆီ ပြန်လည် ရောက်ရှိ လာတာ ဖြစ်ပါတယ်။

လီဗာပူ အသင်းလူငယ်နည်းပြအဖြစ် ကိုင်တွယ်ခွင့်ရတဲ့အတွက် နည်းပြအတွေ့အကြုံ များစွာရရှိမှာဖြစ်ပြီး လူ ငယ်ကစားသမားတွေကိုလည်း အတွေ့အကြုံနဲ့ ဘောလုံး ပညာတွေ မျှဝေသွားမှာဖြစ်တယ်လို့ ဂျရတ် ကပြောပါတယ်။

ကစားသမားဘ၀က အနားယူအပြီးမှာ လိဂ်ဝမ်းကလပ် MK ဒွန်းအသင်းက ဂျရတ် ကို နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် ဂျရတ်ကပယ်ချခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိ ဂျရတ်ဟာ ၁၉၉၈ ခုနှစ်ကတည်းက လီဗာပူးအသင်းမှာ စတင်ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့လီဗာပူးကစာသမားဘ၀ ၁၇ ရာသီအတွင်းမှာ ပွဲပေါင်း ၇၁၀ ကစားပြီး ၁၈၆ ဂိုးသွင်းယူခဲ့ပါတယ်။

ဆုဖလားအောင်မြင်မှုအနေနဲ့ ဥရောပချန်ပီယံဆုဖလားအပါအ၀င် လီဗာပူးအသင်းနဲ့အတူ ဆုဖလား ၉ လုံးရရှိယူနိုင်ခဲ့တဲ့ ကစားသမား ဟောင်းတဦးဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/185336

No comments:

Post a Comment