
လာမယ့် ဘောက်ဆင်ဒေး ပွဲစဉ်မှာ စတုတ်ကို ရှုံးရင် မန်ယူ နည်းပြ Van Gaal အနေနဲ့ အိုးထရတ်ဖို့ဒ်ကို နှုတ်ဆက် ရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် လာပြီး ဘယ်သူ နည်းပြသစ် ဖြစ်လာနိုင်တယ် ဆိုတာ ကလည်း စိတ်ဝင်စား စရာကောင်း နေပါတယ်။
မန်ယူအသင်းဟာ နောဝစ်ခ်ျအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက်မှာတော့ မန်ယူအသင်းရဲ့ ရလဒ်ပိုင်းတွေကို ပရိသတ်တွေက စိတ်ပျက်လာကြပြီး မန်ယူနည်းပြ Louis Van Gaal ကိုလည်း နည်းပြရာထူးကနေ ဖယ်ရှားဖို့ အသံတွေထွက်လာပါတယ်။
နည်းပြ Van Gaal ရဲ့ ဖိအားတွေဟာလည်း နောဝစ်ခ်ျအသင်းကို ရှုံးနိမ့်ခဲ့တဲ့နောက်မှာတော့ နှစ်ဆတိုးခဲ့ရပြီး David Moyes လက်ထက် မန်ယူအသင်းနဲ့ ရလဒ်ပိုင်းက မတိမ်းမယိမ်းဖြစ်လာခဲ့ရပါတယ်။
အခုလို ရလဒ်ဆိုးတွေကြောင့် မန်ယူအသင်းဘုတ်အဖွဲ့ဟာ အပြောင်းအလဲတစ်ခုကို ပြုလုပ်ဖို့ လိုအပ်လာပြီဖြစ်ပြီး ထိုင်ခုံလှုပ်လာတဲ့ နည်းပြ Van Gaal နေရာမှာ အစားထိုးနိုင်ဖို့အတွက် နည်းပြ သုံးယောက်ကို လျာထားလျက်ရှိတယ်လို့ သိရပါတယ်။
မန်ယူအသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ လောလော လတ်လတ် ချယ်လ်ဆီး နည်းပြ ရာထူးကနေ ထုတ်ပယ် ခံလိုက်ရတဲ့ နည်းပြ Mourinho ဖြစ်ပါတယ်။
Mourinho ဟာ အခုလောလောဆယ်မှာတော့ အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး မန်ယူအသင်း အနေနဲ့ နည်းပြ အပြောင်းအလဲ ပြုလုပ်မယ် ဆိုရင် ဖြစ်လာနိုင်တဲ့ အနေအထား တစ်ခုမှာ ရှိနေပါတယ်။ သူဟာ အသင်းကြီးတွေ အတော်များများကို ကိုင်တွယ်ဖူးပြီး ရောက်တဲ့ အသင်းတိုင်းမှာ အောင်မြင်မှု မှတ်တိုင်တွေ စိုက်ထူ ထားနိုင်တာမို့ မန်ယူအသင်းလို အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ အသင်းအတွက်တော့ ဖြေဆေး တစ်ခွက်ဖြစ်လာနိုင်ပါတယ်။
Mourinho ရဲ့ ကစားကွက် အားပြုမှု ဟာလည်း နောက်တန်းကို အခြေတည်တာ ဖြစ်တာကြောင့် Van Gaal ရဲ့ ကစားကွက်ကို ငြီးငွေ့နေပြီး သွင်းဂိုးတွေကို မြင်တွေ့လိုတဲ့ မန်ယူ ပရိသတ်တွေ နဲ့တော့ အံဝင်ခွင်ကျ ဖြစ်နိုင်ပါ့မလား ဆိုတာကတော့ စောင့်ကြည့် ရပါလိမ့်မယ်။
နောက်တစ်ယောက်ကတော့ ဘိုင်ယန်မြူးနစ်နည်းပြ Pep Guardiola ပါ။ သူကတော့ ရာသီကုန်မှာ ဘိုင်ယန်အသင်းက ထွက်ခွာမှာဖြစ်ပြီး Pep ရဲ့ နည်းဗျူဟာတွေနဲ့ ကစားပေါက်တွေကတော့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုဖြစ်လာနိုင်တယ်လို့ Dailymail က ဖော်ပြပါတယ်။
သူဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်ဖြစ်တာကြောင့် ချယ်လ်ဆီး ၊ မန်စီးတီး စတဲ့ အသင်းကြီးတွေကပါ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်လျက်ရှိပြီး မန်ယူအသင်းကိုသာ အမှန်တကယ်ရောက်ရှိလာမယ်ဆိုရင်တော့ နည်းပြ Ferguson နောက်ပိုင်း အကောင်းဆုံးနည်းပြတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။
ဖြစ်လာနိုင်တဲ့ နည်းပြနောက်တစ်ယောက်ကတော့ အခုလောလောဆယ်မှာ မန်ယူအသင်းရဲ့ လက်ထောက်နည်းပြ အဖြစ်ဆောင်ရွက်နေတဲ့ Ryan Giggs ပါ။ သူကတော့ နည်းပြပိုင်းဆိုင်ရာ ပညာရပ်တွေကို မန်ယူနည်းပြ Van Gaal ဆီကနေ သင်ယူလျက် ရှိပါတယ်။
သူဟာ နည်းပြအနေနဲ့တော့ အတွေ့အကြုံနည်း လွန်းနေသေးပြီး မန်ယူ ပရိသတ်တွေရဲ့ အချစ်တော် ဂန္တဝင် ကစားသမား တစ်ယောက်ဖြစ် တာကြောင့် အနာဂတ် မန်ယူ နည်းပြ ဖြစ်လာနိုင် တယ်လို့လည်း ခန့်မှန်း မှုတွေ ပြုလုပ်နေ ကြပါတယ်။
Ref : Dailymail
Original link - http://sports.thithtoolwin.com/2015/12/van-gaal_21.html

No comments:
Post a Comment