မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

ချစ်သူကို အဲမရိတ်ကွင်းခေါ် လက်ထပ်ခွင့် တောင်းသည့် အာဆင်နယ် ပရိသတ် (ရုပ်သံ)




အခုနောက်ပိုင်း စုံတွဲတွေက ချစ်သူကို စိတ်လှုပ်ရှား စေမယ့် နည်းလမ်း အမျိုးမျိုး သုံးပြီး လက်ထပ်ခွင့် တောင်းခံ လာပါတယ်။

လူတစုရဲ့ အကူ အညီကို ရယူပြီးတော့ စိတ်လှုပ်ရှား ဖွယ်ရာ လက်ထပ်ခွင့် တောင်းခံတဲ့ ဖြစ်ရပ် တွေကို ရိုက်ကူး ထားတဲ့ ရုပ်သံဖိုင် တွေလည်း လူမှုရေး ကွန်ရက် အသုံးပြုတဲ့ သူတွေ တွေ့ဖူးသား ဖြစ်မှာ ဖြစ်ပါတယ်။

ဒီရုပ်သံမှာတော့ အာဆင်နယ် အသင်း ပရိသတ် အက်မန်ဆန်က အာဆင်နယ် အသင်းရဲ့ အကူအညီနဲ့ ရည်းစား ဟာဘီဖန်းကို အဲမရိတ် ကွင်းထဲ ခေါ်သွားပြီး လက်ထပ်ဖို့ ကမ်းလှမ်း ခဲ့ပါတယ်။
ဘောလုံး ကွင်းထဲကို သွားရောက် လည်ပတ် အပြီးမှာ အက်မန်က ဖန်းကို လက်ထပ်ခွင့် တောင်းခဲ့ ပါတယ်။

ဒီလို လက်ထပ်ခွင့် တောင်းတာကို အာဆင်နယ် အသင်းက ဘောလုံးသမား ကီယန်ဂစ်နဲ့ အတူ အာဆင်နယ်ရဲ့ လဒ်ကောင် အရုပ်ကလေး ဂမ်နာ ဆောရုတို့က ကူညီခဲ့ ပါတယ်။

ဖန်းကလည်း အက်မန်ရဲ့ လက်ထပ် ခွင့်ကို လက်ခံခဲ့ ပါတယ်။ ဒီအချိန်ဟာ စိတ်လှုပ်ရှား ရင်ခုန် စရာကောင်းတဲ့ အချိန်လို့ သူတို့ ၂ ဦးလုံးက ပြောပါတယ်။

ဒီလို လုပ်မယ် ဆိုတာကို မသိသလို ဘောလုံးကွင်းကို အလည် သက်သက်ပဲ မှတ်ထင် ထားတယ် လို့ ဟာဘီဖန်းက ပြောပါတယ်။

ဒီရုပ်သံဖိုင်ကို အာဆင်နယ် အသင်းရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ထား ခဲ့ပြီး ကြည်ရှုသူ ၇ သိန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116439

No comments:

Post a Comment