မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

ယူရိုခြေစစ်ပွဲ ခရိုအေးရှား ၃- ၀ ဘူဂေးရီးယား (ရုပ်သံဟိုက်လိုက်)




အောက်တိုဘာ ၁၀ ရက်က ကစားခဲ့တဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ ခရိုအေးရှား အသင်းက ဘူးဂေးရီးယား အသင်းကို ၃ ဂိုးပြတ် အနိုင် ရရှိသွား ပါတယ်။

ခရိုအေးရှား အသင်း အတွက် အနိုင်ဂိုးတွေကို ပထပိုင်း ၂ မိနစ်နဲ့ ၄၂ မိနစ်မှာ အိုင်ဗန် ပါရစ်စစ်က ၂ ဂိုးသွင်းယူ ခဲ့ပြီး ဒုတိယပိုင်း ၈၁ မိနစ်မှာ နီကိုလ ကယ်လီနစ်က ၁ ဂိုးသွင်း ယူခဲ့ တာပါ။

အုပ်စု H မှာ ခရိုအေးရှားအသင်းက ရမှတ် ၁၇ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ဘူဂေးရီးယားအသင်းကတော့ ရမှတ် ၈ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ အီတလီအသင်းက ရမှတ် ၂၁ မှတ်နဲ့ ပထမ၊ နော်ဝေအသင်းက ရမှတ် ၁၉ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115898


No comments:

Post a Comment