ချန်ပီယံလိဂ် အုပ်စု အီး ပွဲစဉ် အဖြစ် စပိန် လာလီဂါက ဘာစီလိုနာနဲ့ ဘီလာရုစ် ကလပ် ဘိတ် ဘော်ရီဆော့ အသင်းတို့ အေက်တိုဘာ ၂၀ ရက်ညက ယှဉ်ပြိုင် ရာမှာ ဘာစီလိုနာ အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ သွားပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်း ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးကန်သွင်းချက် ၂၁ ချက်နဲ့ အိမ်ရှင် ဘိတ်ကို ဖိအားပေးခဲ့ပါတယ်။
ဒုတိယပိုင်း ၄၈ မိနစ်နဲ့ ၆၄ မိနစ်မှာ အီဗန် ရာကီတစ်က ၂ ဂိုးဆက်တိုက် သွင်းယူပြီး ဘာစီလိုနာတို့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်းက မက်ဆီ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
ဘာစီလိုနာ နည်းပြကတော့ ဒီပွဲမှာ ဂိုးရဖို့ ခက်ခဲခဲ့သလို သူ့နောက်တန်းကိုလည်း ဘိတ်က ခြိမ်းခြောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒီပွဲအနိုင်ကြောင့် ဘာစီလိုနာက ၃ ပွဲကစား ၇ မှတ်နဲ့ အုပ်စု ပထမ၊ ဘိတ်ကတော့ ၃ ပွဲကစား ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေပါတယ်။
By ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/117582
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment