မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 21, 2015

နှစ်သင်းပေါင်း ၈ ဂိုးသွင်းပြီး သရေကျသွားသည့် လေဗာကူဆင်-ရိုးမား ချန်ပီယံလိဂ်ပွဲ (ရုပ်သံဟိုက်လိုက်)




ချန်ပီယံလိဂ် အုပ်စု အီး ပွဲစဉ်အဖြစ် ဂျာမနီ ဘွန်ဒစ်လီဂါက ဘေယာလေဗာကူဆင်နဲ့ အီတလီ စီးရီးအေက ရိုးမားအသင်းတို့ ပွဲစဉ်မှာတော့ ၄ ဂိုးစီ သရေကျသွားပါတယ်။

အောက်တိုဘာ ၂၀ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေထဲမှာ ဂိုးအများဆုံးသွင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ အိမ်ရှင် လေဗာကူဆင်အတွက် ပထမပိုင်း ၄ မိနစ်မှာ ပင်နယ်တီကနေတဆင့် ဟာနန်ဒက်ဇ်က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၁၉ မိနစ်မှာ ဟာနန်ဒက်ဇ်ကပဲ ဒုတိယဂိုး သွင်းယူခဲ့တာပါ။

ပထမပိုင်း ၂၉ မိနစ်နဲ့ ၃၈ မိနစ်မှာ ရိုးမားအသင်းက ဒီရော့ဆီ ချေပဂိုး ပြန်သွင်းခဲ့တဲ့အတွက် ပထမပိုင်းမှာ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

ဒီနောက် ဒုတိယပိုင်း ၅၄ မိနစ်နဲ့ ၇၃ မိနစ်မှာ ရိုးမားအသင်းက ၂ ဂိုး ထပ်မံသွင်းယူပြီး ၄ ဂိုး ၂ ဂိုးနဲ့ ပွဲကို ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲကို ကြာကြာမထိန်းနိုင်ခဲ့ဘဲ ၈၄ မိနစ်နဲ့ ၈၆ မိနစ်မှာ လေဗာကူဆင်က ချေပဂိုး ၂ ဂိုး ပြန်သွင်းယူသွားလို့ ၄ ဂိုးစီသရေ ဖြစ်ခဲ့ရပါတယ်။

ဒီအုပ်စုမှာ လေဗာကူဆင်က ၃ ပွဲကစား ၄ မှတ်နဲ့ အုပ်စု ဒုတိယ၊ ရိုးမားကတော့ ၃ ပွဲကစား ၂ မှတ်နဲ့ အုပ်စု စတုတ္ထနေရာက ရပ်တည်နေပါတယ်။



By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117576

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment