
မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ စက်တင်ဘာလ အတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဆုကို ရရှိသွား ပါတယ်။
အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက် တိုက်စစ်မှူးဟာ မန်ယူအတွက် ပွဲဦးထွက် ကစားပေးတဲ့ လီဗာပူးကို အနိုင်ရတဲ့ ပွဲစဉ်မှာ ပထမဆုံး ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မာရှယ်ဟာ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။
ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးဟာ ဆယ်ကျော်သက် ကစားသမားတွေထဲမှာ ဈေးအကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
မန်ယူက သူ့ကို ပေါင် ၃၆ သန်းပေးပြီး ပြင်သစ်ကလပ် မိုနာကိုကနေ ခေါ်ယူထားတာပါ။ မာရှယ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မိုနာကိုအသင်းအတွက် ကစားပေးတဲ့ ၃၁ ပွဲမှာ ၈ ဂိုး သွင်းယူထားပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116863
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment