မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

အပြောင်းအရွှေ့ကာလတွင် ကစားသမား ၀ယ်ရန် အာဆင်နယ် တုံ့ဆိုင်းနေမည် မဟုတ်



ဓာတ်ပုံ - ရိုက်တာ

အပြောင်းအရွှေ့ ကာလမှာ ကစားသမား ၀ယ်ယူရေး ငွေ အသုံးပြုဖို့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က စိုးရွံ့နေမှာ မဟုတ်ဘူးလို့ နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် နှစ်ပတ်လည် ဆွေးနွေးပွဲမှာ ရှယ်ယာ ပိုင်ဆိုင်တဲ့ သူတွေကို အာစင်ဝင်းဂါးက ပြောလိုက်တာ ဖြစ်ပါတယ်။

“ငွေသုံးဖို့ ကျနော်တို့ စိုးရွံ့နေမှာ မဟုတ်ပါဘူး၊ ဒီကိစ္စ အတွက် ကျနော့်မှာ နာမည်ကောင်း ရှိတာ သိပါတယ်၊ ကစားသမားက အရည်အသွေး ရှိရင် ငွေသုံးပါမယ်” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

အာဆင်နယ်က နွေရာသီ အပြောင်း အရွှေ့မှာ ဂိုးသမား ပီတာချက် ကိုသာ ချဲလ်ဆီးကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးတဦးကိုမှ ခေါ်ယူခဲ့ခြင်း မရှိတဲ့ ၀င်းဂါးကို ပရိသတ်တွေက ဝေဖန်နေပါတယ်။

ရှယ်ယာပိုင်ဆိုင်သူတဦးက ကစားသမားသစ် ဘာကြောင့် မ၀ယ်ယူသလဲဆိုတဲ့ အမေးကိုတော့ အသင်းတည်ဆောက်တာ အောင်မြင်နေတဲ့အတွက် ၀ယ်ယူခြင်း မပြုဘူးလို့ ဆိုပါတယ်။

အာဆင်နယ်ဟာ ၂၀၁၄ မှာ ဆန်းချက်ဇ်ကို ပေါင် ၃၅ သန်းနဲ့ ဘာစီလိုနာကနေ ခေါ်ယူခဲ့သလို အိုဇေးကို ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၄၂ ဒသမ ၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116814

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment