မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 4, 2015

နည်းပြ ရာထူးမှ မနုတ်ထွက်ဟု မော်ရင်ဟို ပြော




ချဲလ်ဆီး အသင်းရဲ့ နည်းပြ ရာထူး ကနေ နုတ်ထွက်မှာ မဟုတ် ဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောဆို လိုက်ပါတယ်။

နည်းပြ အဖြစ် ကနေ သူ့ကို ဖယ်ရှား ချင်ရင်တော့ ထုတ်ပစ်မှပဲ ရမယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို အောက်တိုဘာ ၃ ရက်နေ့ညက ရှုံးတဲ့ပွဲ အပြီးမှာ ပြောဆို လိုက်တာပါ။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၄ ပွဲမြောက် ရှုံးပွဲ တွေ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေး ဇယားရဲ့ အဆင့် ၁၆ မှာ ရှိနေပြီး ဇယားထိပ်က မန်စီးတီးနဲ့ ၁၀ မှတ် အကွာကို ရောက်ရှိ နေပါတယ်။

ဒီနှစ်မှာ ချန်ပီယံဆုကို ကာကွယ်ဖို့ မလွယ် ကူတော့ဘဲ ရာသီ အကုန်မှာ အဆင့် ၄ ၀င်ဖို့ပဲ ကြိုးစား ရတော့မယ်လို့ မော်ရင်ဟိုက ပြောဆို သွားပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114757

No comments:

Post a Comment