ဓာတ်ပုံ - ရိုက်တာ
ကမာ့္ဘဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအဖခက်ဖ်အေ) ဥက္ကဋ္ဌ ပလာတီနီကို ပေးလိုက်တဲ့ ငွေကြေးက အကျိုးစီးပွား ပဋိပက္ခ ဖြစ်တယ်လို့ ဖီဖာ စာရင်းစစ် ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
ဘလတ္တာရဲ့ အကြံပေးအဖြစ် ပလာတီနီ ဆောင်ရွက်နေစဉ် လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းအတွက် ၂၀၁၁ ခုနှစ်က ပေါင် ၁ ဒသမ ၃၅ သန်းကို ဘလတ္တာက ပလာတီနီကို ပေးအပ်ခဲ့ပါတယ်။
၁၉၉၈-၂၀၀၂ ခုနှစ်က လုပ်ငန်းတွေအတွက် နှုတ်ပိုင်းဆိုင်ရာ သဘောတူညီချက်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ ပလာတီနီကပြောသလို သူတို့ ၂ ဦးလုံးက တစုံတရာ အမှားအယွင်း မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဒါပေမယ့်လည်း ဒီငွေပေးချေမှုနဲ့ ပတ်သက်ပြီး မှတ်တမ်းမှတ်ရာ လုပ်ဆောင်ထားခြင်း မရှိသလို တမင်သက်သက် ချန်လှပ်ထားတယ်လို့ ဖီဖာစာရင်းစစ်ကော်မတီ ဥက္ကဋ္ဌ ဒိုမေနီကို စကေလာက ပြောပါတယ်။
သာမန်ကိစ္စတွေကိုတောင် ရေးသားထားတဲ့ စာချုပ်စာတမ်းရှိသလို ၂ ဦးစလုံးက ဖီဖာအမှုဆောင် အရာရှိတွေဖြစ်ပြီး နှစ်စဉ် ငွေကြေးဆိုင်ရာ ထုတ်ပြန်ချက်တွေကို အတည်ပြုရတဲ့ ကိစ္စတွေကို သိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီစာရင်းဇယားဟာ မှားယွင်းတဲ့စာရင်း ဖြစ်တယ်လို့လည်း စကေလာက ထောက်ပြပါတယ်။
ဘလတ္တာနဲ့ ပလာတီနီ ၂ ဦးစလုံးဟာ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရတဲ့အတွက် ရယူထားတဲ့ ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံထားရပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/117613
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment