မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 27, 2015

ကက်ပီတယ်ဝမ်းဖလား အာဆင်နယ် ရှက်ဖီးဝက်နပ်စ်ဒေးကို ရှုံး (ရုပ်သံဟိုက်လိုက်)




အောက်တိုဘာ ၂၇ ရက်က ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ်က အာဆင်နယ်အသင်းဟာ ပထမတန်း ချန်ပီယံရှစ်က ရှက်ဖီးဝက်နပ်စ်ဒေးကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

ဒီအတွက် အာဆင်နယ်အသင်းဟာ ကွားတာဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး လက်လွှတ်ခဲ့ရသလို ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ပွဲစပြီး ၂၇ မိနစ်မှာ ရှက်ဖီးက ဝေါ်လေ့ အဖွင့်ဂိုးသွင်းယူခဲ့သလို မိနစ် ၄၀ မှာ လူးကပ်ဂျိုးက ဒုတိယဂိုး သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ပွဲစပြီး မိနစ် ၂၀ မှာ အာဆင်နယ်က ဝေါလ်ကော့နဲ့ ချိန်ဘာလိန်တို့ ဒဏ်ရာရရှိသွားတဲ့အတွက် လူစားလဲခဲ့ရပါတယ်။

ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ ဟာချင်ဆန်က တတိယဂိုး ထပ်မံသွင်းယူသွားတဲ့အတွက် ပွဲအပြီးမှာ ရှက်ဖီးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဆင်နယ် ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင် ဖြစ်ခဲ့ပါတယ်။

ပွဲမှာ တစုံတရာ မဖန်တီးနိုင်ခဲ့သလို နောက်တန်းကစားပုံကလည်း အရမ်းကို နုတယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပွဲအပြီး ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်ညကပဲ ယှဉ်ပြိုင်သွားတဲ့ ကက်ပီတယ်ဝမ်းဖလား တခြားပွဲစဉ်တွေမှာ အဲဗာတန်က နောဝစ်ခ်ျကို ပယ်နယ်တီဂိုး အပါအ၀င် ၅ ဂိုး ၄ ဂိုး၊ ဟူးလ်စီးတီးက လက်ဆက်စတာကို ပယ်နယ်တီဂိုး အပါအ၀င် ၆ ဂိုး ၅ ဂိုးနဲ့ အသီးသီး အနိုင်ရသွားပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118858

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment