မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

တယောက်လျော့ ချဲလ်ဆီး ၂ – ၁ ဂိုးဖြင့် ၀က်စ်ဟမ်းကို ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ချဲလ်ဆီးနဲ့ ၀က်စ်ဟမ်းတို့ အောက်တိုဘာ ၂၅ ရက်ညက ယှဉ်ပြိင် ကြရာ ချဲလ်ဆီး အသင်းက အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် သွားပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ၀က်စ်ဟမ်း အသင်းက မော်ရို ဇာရက်တီ (Mauro Zarate) သွင်းဂိုးနဲ့ ဦးဆောင်နိုင် ခဲ့ပါတယ်။

အဲဒီနောက် ပထမပိုင်း ပြီးခါနီးမှာ ချဲလ်ဆီး အသင်းက မာတစ် နှစ်ဝါတနီနဲ့ အထုတ် ခံရလို့ ကျန်ပွဲချိန် aတွကို ချဲလ်ဆီး အသင်း ၁၀ တည်းနဲ့ ကစား ခဲ့ရပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ တယောက် အထုတ်ခံရပေမယ့် ကစားပုံပိုကောင်းလာကာ ၀က်စ်ဟမ်းအသင်းကို ပြန်လည်ထိုးဖောက်ကစားခဲ့ပြီး ၅၆ မိနစ်မှာ ဂယ်ရီ ကာဟေးက သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၇၉ မိနစ်မှာ ၀က်စ်ဟမ်းအသင်းက လူစားဝင်ကစားသမား အန်ဒီကာရိုးက ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီပွ ရှုံးနိမ့်သွားတာကြောင့် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး ၀က်စ်ဟမ်းအသင်းကတော့ အဆင့် ၃ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118288

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment