မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

ကစားသမားဘဝရဲ့ အဆိုးဆုံးအချိန်ကို ရောက်နေတယ်လို့ ပြောတဲ့ မန်စီးတီးတိုက်စစ်မှူး Bony




မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး Bony ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ အဆိုးဆုံး အချိန်ကို ရောက်နေပေမယ့် ဒဏ်ရာ ရနေတဲ့ တိုက်စစ်မှူး Aguero ရဲ့ နေရာကို အစားထိုးနိုင် မယ်လို့ ပြောလိုက် တာပါ။ အာဂျင်တီးနား တိုက်စစ်မှူး Aguero ဟာ ယခုရာသီ ပရီးမီးယားလိဂ် ရှစ်ပွဲမှာ ခြောက်ဂိုး အထိ သွင်းယူပေး ထားနိုင်ပြီး တံကောက်ကြော ဒဏ်ရာကြောင့် တစ်လလောက် အနားယူ ရတော့မှာပါ။ ဒါကြောင့် အိုင်ဗရီကို့စ် နိုင်ငံသား တိုက်စစ်မှူး Bony က Aguero မရှိတဲ့ အချိန်မှာ အကောင်းဆုံး ခြေစွမ်းနဲ့ တိုက်စစ်ကို အားဖြည့် ပေးနိုင်မယ်လို့ ယုံကြည် နေတာပါ။

Bony ဟာ ဆွမ်ဆီး အသင်းကနေ မန်စီးတီး အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၁၉ပွဲမှာ ၂ဂိုးပဲ သွင်းထားနိုင်ပြီး ရှစ်ပွဲမှာ ခြောက်ဂိုး သွင်းထားတဲ့ Aguero နဲ့ ယှဉ်ရင်တော့ အတော်လေးကို ကွာဟချက် ကြီးမားနေ တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် တံကောက်ကြော ဒဏ်ရာရနေတဲ့ Aguero ရဲ့ နေရာမှာ Bony ကို ပြန်လည်အသုံးပြုမှာဖြစ်ပြီး လာမယ့်ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာပါဝင်လာမှာပါ။ ဒါကြောင့် ပွဲထွက်ခွင့်ပြန်ရတဲ့ အချိန်မှာ ဂိုးတွေပြန်သွင်းနိုင်ဖို့ Bony က တာဆူနေတာပါ။


စပါးအသင်းနဲ့ပွဲမှာ No.10 role မှာကစားခဲ့တဲ့ Yaya Toure ကလည်း ဒဏ်ရာပြဿနာတွေရှိနေပြီး အခြားအားထားရတဲ့ ကွင်းလယ်လူ Silva ကလည်း ဒဏ်ရာရရှိသွားတာကြောင့် လူစာရင်းအတွက် အပြောင်းအလဲတွေများနေရတာပါ။

ဒါေ့ကြာင့် လာမယ့်ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ De Bruyne ကို No.10 role နေရာကို ဝင်ကစားခိုင်းဖို့ရှိပြီး ကွင်းလယ်အထိုင်နေရာမှာတော့ နိုင်ငံတကာပွဲတွေကြောင့် ပွဲပန်းနေတဲ့ Fernandinho နဲ့ Fernando တို့ရဲ့ ဘရာဇီးအတွဲအဖက်ကို အထိုင်ချသွားမှာပါ။ တောင်ပံနေရာမှာတော့ De Bruyne က အလယ်ဝင်သွားလို့ Navas ကို ပွဲထုတ်ကစားမယ်လို့ သိရပါတယ်။

Original link - http://sports.thithtoolwin.com/2015/10/bony.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment