
ဒီဘိုင်ယန် မြူးနစ် တောင်ပံ ကစားသမားဟာ အသင်းခေါင်းဆောင် Neymar ပွဲပယ်ခံ ထားရ ချိန်မှာ Neymar နေရာမှာ ကစားဖို့ အတွက် လျာထား ခံရသူပါ။ ဒါပေမယ့် သူကတော့ Neymar နောက်တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောလိုက် တာပါ။
ဘာစီလိုနာ တိုက်စစ်မှူး ဖြစ်တဲ့ Neymar ဟာ ကိုပါ အမေရိက ဖလားမှာ ရရှိခဲ့တဲ့ ပွဲပယ် ပြစ်ဒဏ်ကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားရမယ့် ချီလီ အသင်းနဲ့ ပွဲကိုလည်း လွဲချော် ခဲ့ပြီး ဗင်နီဇွဲလား အသင်းနဲ့ ပွဲစဉ်ကိုလည်း မပါဝင်နိုင် ဖူးလို့ သိရပါတယ်။
ကျွန်တော်ဟာ Neymar အသစ်လည်း မဟုတ်ပါဘူး။ Neymar ရဲ့ ကစားဟန်နဲ့ ကစားတဲ့ နေရာချင်းလည်း မတူပါဘူး။
ကျွန်တော်က ကိုယ့်ရဲ့ အပိုင်းမှာပဲ အကောင်းဆုံး ကြိုးစားနေ တာပါ။ နည်းပြ Guardiola ရဲ့ လက်အောက်မှာ ကစားရတဲ့ သုံးလ အတွင်းမှာတော့ အများကြီး တိုးတက် လာသလို ခံစားရ ပါတယ်။ သူ့လက်အောက်မှာလည်း အချိန်ကြာကြာဆက် ကစားချင်ပါ သေးတယ်လို့ ပြောသွား ခဲ့တာပါ။
Douglas ဟာ ယခုရာသီမှ ရှက်တာ ဒိုးနက် အသင်းကနေ ဘိုင်ယန်ကို ပြောင်းရွှေ့ ခဲ့ပေမယ့် ခြေစွမ်းပြ နေပြီး ၅ ဂိုး ဖန်တီးပေး ထားပြီး ဂိုးတွေလည်း သွင်းယူ ထားနိုင် တယ်လို့ သိရ ပါတယ်။
ဒါကြောင့် ဘရာဇီး နည်းပြ ဒွန်ဂါက Neymar နေရာအ တွက် အစားထိုးခေါ်ယူ ထားတာဖြစ်ပြီး Douglas ကတော့ Neymar လို ကစားပုံမျိုး ရှိတဲ့သူ မဟုတ်ဘဲ သူ့ကစားဟန် အတိုင်းသာ ကစားသွား မယ်လို့ ပြောလိုက် တာလည်း ဖြစ်ပါတယ်။
သစ်ထူးလွင်(အားကစား)
Original link - http://sports.thithtoolwin.com/2015/10/neymar-douglas-costa.html

No comments:
Post a Comment