မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

မန်စီးတီး တိုက်စစ်မှူး Aguero တံကောက်ကြော ဒဏ်ရာ ထပ်မံ ရရှိခဲ့




မန်စီးတီး တိုက်စစ်မှူး Aguero ဟာ အာဂျင်တီးနား အသင်းက အီကွေဒေါ အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ထပ်မံ ရရှိသွား တယ်လို့ သိရ ပါတယ်။ သူဟာ အဲ့ဒီပွဲမှာ မိနစ်နှစ်ဆယ်ကြာသာ ကစား ခဲ့ရပြီး ဒဏ်ရာရှိ သွားခဲ့လို့ Tevez နဲ့ လူစားလဲ ခံခဲ့ရ တယ်လို့ သိရ ပါတယ်။


အချိန်ကာလဘယ်လောက် အထိနား ရမယ်ဆိုတာ ကတော့ စမ်းသပ် စစ်ဆေး မှုတွေ ပြုလုပ် ရအုံးမှာ ဖြစ်ပါတယ်။" သူဟာ ဒဏ်ရာတွေသာ ကင်းစင်နေရင် အခုထက်တောင် ခြေစွမ်းပြနိုင် အုံးမယ်လေ။ အခုသူ ဒဏ်ရာပြဿနာတွေ ဆက်တိုက် ဆိုသလို ကြုံနေ ရလို့ စိတ်ပျက်နေ ခဲ့ပြီး အဝတ် လဲခန်းထဲမှာ ငိုနေခဲ့တယ် " လို့ အသင်းဖော် Otamendi ကပြောပြ သွားခဲ့ ပါတယ်။

Aguero ဟာ ပရီးမီးယားလိဂ် မှာလည်း ဒဏ်ရာ ပြဿနာကြောင့် တစ်လကျော် အနားယူခဲ့ ရပြီး ပြန်လည် ကစားနိုင် ချိန်မှာ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် မြင်တွေ့ခဲ့ ရတာပါ။ ကစားသမား တစ်ယောက်ရဲ့ ခြေစွမ်း ပြသနိုင်ချိန် တွေမှာ အခုလို ဒဏ်ရာ တွေကြောင့် ခဏ ခဏ အနားယူ နေရ တာကတော့ စိတ်မကောင်း စရာပါပဲ။

ဒါကြောင့် အာဂျင်တီးနား နည်းပြ မာတီနိုက " Sergio (Aguero) ဟာ ကလပ် အသင်းနဲ့ ပွဲတွေ လွဲချော်အုံးမှာကို စိုးရိမ်ပြီး အဝတ်လဲ ခန်းထဲမှာ ငိုနေ ခဲ့ပါတယ်။ အခု တလောတော့ သူ့ကို အားလုံးက ဝိုင်းဝန်း အားပေးနှစ်သိမ့် ရမှာပါ။ ဒဏ်ရာက ပြန်လာပြီး မကြာခင်မှာ နောက် ဒဏ်ရာ တစ်ခု ရရှိသွား တာကတော့ တကယ့်ကို စိတ်မကောင်း စရာပါပဲ။

သူဟာ ကွင်းထဲမှာ အကောင်းဆုံး ကစားနိုင်နေ ချိန်မှာ အခုလိုဖြစ် သွားတာ ကတော့ နှစ်ဦးနှစ်ဖက်လုံး အတွက် စိတ်ပျက် စရာပဲ။ အသင်း ဆရာဝန်တွေ နဲ့တော့ စကားမပြော ရသေးလို့ ဘယ်လောက် အနားယူရ မလဲတော့ မသိသေးဘူး။ သေချာ တာကတော့ ဒဏ်ရာဟောင်း ပြန်ပေါ်တာ မဟုတ်ဘဲ ဒဏ်ရာသစ် ဖြစ်နေတယ် "လို့ ပြောကြား သွားခဲ့ ပါတယ်။

Aguero ဟာ ကစားပုံအကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိနေပြီး ဒဏ်ရာက ပြန်လာပြီး နယူး ကာဆယ်နဲ့ ပွဲစဉ်မှာ တစ်ပွဲတည်း ငါးဂိုးသွင်းနိုင် ခဲ့တဲ့သူပါ။ သူ့ရဲ့ပြဿနာ ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းပေါ်က မန်စီးတီး အသင်း အတွက် ထိုးနှက် ချက်လည်း ဖြစ်ခဲ့ ပါတယ်။

(Paing A K)

Original link - သစ်ထူးလွင်(အားကစား)


No comments:

Post a Comment