
မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲစဉ် ဖြစ်တဲ့ ချီလီအသင်းနဲ့ ဘရာဇီးလ် အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ် ကွင်းလယ်လူ ဆန်းချက်ဇ်ဟာ ခြေစွမ်းပြ ကစားပြီး အကောင်းဆုံး ပုံစံတစ်ခုနဲ့ မိခင်နိုင်ငံ အတွက် အကျိုးပြု ခဲ့ပြန် ပါတယ်။
Sanchez ဟာ အာဆင်နယ် အသင်းက မန်ယူ အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင် ရခဲ့တဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားပြီး အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူပေး ခဲ့သူပါ။
ကိုပါ အမေရိက ချန်ပီယံ ချီလီ အသင်းဟာ ဒေသတွင်း အင်အားကြီး ပြိုင်ဘက် ဘရာဇီး အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပြန်ပါတယ်။
အဲ့ဒီပွဲမှာ ချီလီအသင်းဟာ ဒဏ်ရာ ပြဿနာ အနည်းငယ်စီ ရှိနေတဲ့ Sanchaz ရော Vidal တို့ နှစ်ယောက် စလုံး ပါဝင်ခဲ့ တာကြောင့် အင်အား တောင့်တင်း ခဲ့ပါတယ်။ ဘရာဇီးကတော့ အသင်း ခေါင်းဆောင် Neymar မပါဝင်နိုင် ချိန်မှာ Hulk ကို ဦးဆောင် ကစားစေ ခဲ့ပြီး Firmino , Coutinho တို့နဲ့ ပွဲထွက် လာတာပါ။
ဘရာဇီး အသင်းဟာ ပထမပိုင်းမှာ တန်ပြန် တိုက်စစ် ကစားပုံ အတော်လေး ကောင်းမွန်ခဲ့ပြီး မိနစ် ခုနစ်ဆယ် အရောက် မှာတော့ ဟန်ချက် ပျက်သွား ခဲ့ပါတယ်။
ချီလီကွင်းလယ်လူတွေ ဖြစ်ကြတဲ့ Vidal နဲ့ Mark Gonzalez တို့က Sanchez အတွက် အကောင်းဆုံး ထောက်ပံ့ ပေးနေခဲ့ပြီး Sanchez ရဲ့ ကန်ချက်နဲ့ Isla တို့ရဲ့ ကန်ချက်တွေ တိုင်ထိထွက်ခဲ့လို့ ဘရာဖီးသက်သာသွားခဲ့ပါတယ်။ ဒါပေမယ့် ၇၂ မိနစ်အရောက်မှာတော့ Fernandez ရဲ့ set-piece ကို Vargas က အကောင်းဆုံးအဆုံးသတ်ပေးခဲ့တာပါ။
ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ နောက်မှာ ဘရာဇီးဟာ ပြန်တိုက် စစ်ဆင် ကစားလာပြီး Willian ရဲ့ အနီးကပ် ပိတ်သွင်းမှုက ဘေးကို ချော်သွားခဲ့လို့ သက်သာရာ ရခဲ့တာပါ။
ဒါပေမယ့် မိနစ်ကိုးဆယ်အရောက်မှာ Sanchez နဲ့ Vidal ရဲ့ တွဲလုံးကနေ Sanchez က အနိုင်သေချာ စေမယ့်ဂိုးကို သွင်းယူ ခဲ့ပါတယ်။
ဒါကြောင့် ဒီပွဲမှာ Sanchez ဟာ ချီလီအသင်းရဲ့ တိုက်စစ် လမ်းကြောင်း တွေကို ဖွင့်ပေး ခဲ့ပြီး ဘရာဇီး နောက်တန်းကို အလုပ်တွေ ရှုပ်စေခဲ့ တာကြောင့် ပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကိုပါ ရရှိခဲ့ပြီး ချီလီအတွက် သူရဲကောင်း ဖြစ်ခဲ့ပြန် ပါတယ်။
သစ်ထူးလွင်(အားကစား)
Original link - http://sports.thithtoolwin.com/2015/10/sanchez.html

No comments:
Post a Comment