
ပြင်သစ် သတင်းတွေရဲ့ ဖော်ပြချက် အရ PSG နည်းပြ Blanc ဟာ PSG အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို အရောက် မပို့ပေးနိုင်ရင် နည်းပြ ရာထူးက ထုတ်ပယ် ခံရနိုင်တယ်လို့ သိရပါတယ်။ PSG အသင်းဟာ အခုလောလော ဆယ်မှာတော့ အုပ်စု (က) ရဲ့ ဒုတိယ နေရာမှာ ရပ်တည် နေတာပါ။
ဒီမန်ယူနောက်ခံလူဟောင်း နည်းပြရဲ့ အနာဂတ်ကတော့ ကမ္ဘာ့အကောင်းဆုံးနည်းပြသုံးယောက်ကို ခေါ်ယူနိုင်မယ့်အခွင်ကအရေးပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် Blanc ဟာ သူ့ရဲ့ တာဝန်ဖြစ်တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို အရောက်မပို့ပေးနိုင်ရင်လည်း နည်းပြသစ်ခေါ်ယူနိုင်မှု ရှိ ၊ မရှိပေါ်မှာ သူ့ရဲ့အနာဂတ်က မူတည်နေတာပဲဖြစ်ပါတယ်။
သူတို့ပစ်မှတ်ထားနေတဲ့ နည်းပြသုံးယောက်ကတော့ ချယ်လ်ဆီးနည်းပြ Mourinho , အာဆင်နယ်ရဲ့ သက်တော်ရှည်နည်းပြ Arsene Wenger နဲ့ ဘိုင်ယန်မြူးနစ်နည်းပြ Guardiola တို့ပါ။ ချယ်လ်ဆီးနည်းပြ Mourinho ကတော့ ချယ်လ်ဆီးအသင်းကို အံ့အားသင့်ဖွယ်ရလဒ်တွေနဲ့ ပရီးမီးယားလိဂ်မှာ တာထွက်မလှဖြစ်နေတဲ့ နည်းပြပါ။ သူ့ကိုတော့ အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး ခေါ်ယူနိုင်ဖို့ မျက်ခြေမပြတ်စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။
နောက်တစ်ယောက်ကတော့ အာဆင်နယ်နည်းပြ Wenger ပါ။ သူကတော့ အသင်းကို စော်ဘွား Nasser Al-Khelaifi ပိုင်ဆိုင်ပြီး ၂၀၁၂ ၊ ၂၀၁၃ ၊ ၂၀၁၅ တို့မှာ သုံးကြိမ်တိုင်တိုင်နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် သုံးကြိမ်စလုံးပယ်ချပြီး အမ်းမရိတ်မှာပဲ ပျော်မွေ့နေတာပါ။
နောက်ထပ်နည်းပြအဖြစ် ဘာဗေးရီးယန်းတို့နဲ့ ၂၀၁၆ မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် Guardiola ကိုလည်း စောင့်ကြည့်နေတဲ့ အနေအထားမှာတော့ ရှိနေတာပါ။ Guardiola ကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်မှာ သွားရောက်နည်းပြလုပ်ဖို့သာပဲ စိတ်အားထက်သန်နေပြီး မန်စီးတီးအသင်းနဲ့ သတင်းတေါ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတာပါ။ ဒါပေမယ့် သူ့ကိုတော့ ဥရောပအသင်းကြီးအများစုက သူ့ထက်ငါအပြိုင် ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် PSG အနေနဲ့ မျှော်မှန်းထားတဲ့နည်းပြတွေထဲက ဘယ်နည်းပြကို အရခေါ်သွားမလဲဆိုတာ လာမယ့် ရာသီမှာ စောင့်ကြည့်ရတော့မှာပါ။
Original link - http://sports.thithtoolwin.com/2015/10/psg.html

No comments:
Post a Comment