မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 16, 2015

ဟန်ဂေရီအသင်း နော်ဝေကိုနိုင်ပြီး ယူရိုခြေစစ်ပွဲအောင် (ရုပ်သံဟိုက်လိုက်)




နိုဝင်ဘာ ၁၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ယူရိုခြေစစ်ပွဲ ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်မှာ ဟန်ဂေရီက နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင် သွားပါတယ်။

ဟန်ဂေရီအသင်းအတွက် ဦးဆောင်ဂိုးကို ၁၄ မိနစ်မှာ ပရစ်စကင် (Tamas Priskin) က သွင်းယူပြီး ဒုတိယဂိုးကို ၈၃ မိနစ်မှာ နော်ဝေ ကစားသမား မားကပ်စ် ဟန်ရစ်ခ်ဆန် (Markus Henriksen) ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။

နော်ဝေအတွက် တလုံးတည်းသော ချေပဂိုးကို ၈၇ မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ မားကပ်စ် ဟန်ရစ်ခ်ဆန်ကပဲ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ နော်ဝေက ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပေမယ့် အရှုံးပေးလိုက်ရပါတယ်။

ဟန်ဂေရီဟာ ပထမအကျော့မှာတုန်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ပွဲပေါင်း ရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ ခြေစစ်ပွဲ အောင်မြင်သွားတာပါ။

ဟန်ဂေရီအတွက်တော့ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်တာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/122782

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment