မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 1, 2015

ယခုရာသီ အာဆင်နယ်မှာ ခြေစွမ်း ပြနေရတဲ့ အကြောင်းရင်းကို Cazorla ဖွင့်ဟ




ယခုရာသီမှာ အာဆင်နယ် အသင်းရဲ့ ကစားကွက်ကို ပုံဖော် ပေးနေနိုင်ခဲ့ပြီး ဂိုးရဖို့ အခွင့် အရေးတွေ ဖန်တီးပေးနေ ခဲ့တဲ့ Cazorla က ကွင်းလယ်နေရာမှာ သူ ခြေစွမ်း ပိုပြလာနိုင်တဲ့ အကြောင်း ရင်းကို ဖွင့်ဟ လိုက်တာပါ။ စပိန်သားဟာ အခုရာသီမှာ Creative wide man နေရာကနေ Holding midfielder နေရာကို ပြောင်း ကစားခဲ့ရပြီး မာလာဂါနဲ့ ဆီဗီလာအသင်းမှာ တုန်းက ကစားခဲ့တဲ့ ခြေစွမ်း မျိုးပြန်ရ လာခဲ့တာပါ။

သူနဲ့ Coquelin တို့ဟာ ကွင်းလယ်ဗဟိုမှာ အထိုင်ကစားခဲ့ပြီး သူ့ရဲ့ကစားပေါက်ကိုလည်း ပြောင်းလဲပစ်ခဲ့ရတာပါ။ သူဟာအဲ့လိုမျိုးတစ်ခါမှတော့ မကစားခဲ့ဘူးပေမယ့် သူဟာ နည်းစနစ်ပိုင်းအရ ကွင်းလယ်မှာ အကောင်းဆုံးပုံစံကို ရောက်ရှိခဲ့ပြီး တိကျတဲ့ ဘောလုံးပေးပို့မှုတွေကို ပြုလုပ်နိုင်ခဲ့တာပါ။

"နည်းပြက ကျွန်တော့်ကို အထဲကိုဝင်ကစားခိုင်းခဲ့တယ်။ အဲ့နေရာက ကျွန်တော်နဲ့အသင့်တော်ဆုံးဖြစ်ခဲ့တယ်"လို့ သူကပြောပါတယ်။

"အသင်းနောက်တန်းကို ပြန်ထောက်ပံ့ရတဲ့ ကစားဟန်မျိုးကို ကျွန်တော်တော်တော်ကြိုက်တယ်။ ရှေ့တန်းကလူတွေကိုလည်း ဖြတ်တင်ဘောတွေနဲ့ အကျိုးပြုပေးနိုင်ခဲ့ပါတယ်။ ဒီနေရာဟာ အာဆင်နယ်ရဲ့ အသက်လို့ ကျွန်တော်မြင်တယ်။ ရှေ့နဲ့နောက်ကို ချိတ်ဆက်ရတာက ကျွန်တော့်ကို ပိုပြီး အကျိုးပြုတယ်လို့ ထင်ပါတယ်။ ရှေ့တန်းကို စိတ်ဖြောင့်ဖြောင့်နဲ့ ထိုးဖောက်နိုင်အောင် ကူညီပေးရပြီး ပြိုင်ဘက်တိုက်စစ်ကို နှောင့်ယှက်ရတာက အတော်ကောင်းပါတယ်" လို့ သူကပြောပါတယ်။

Ref : Mirror

Original link - http://sports.thithtoolwin.com/2015/11/cazorla.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment