မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 13, 2015

Hazard ကို ခေါ်ယူဖို့ ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့ ပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ်ရှိ




ပြင်သစ် သူဌေး အသင်း ပီအက်စ်ဂျီနဲ့ စပိန် ဘီလူး ရီးရဲလ်မက်ဒရစ်တို့ဟာ ငွေကြေး အလုံးအရင်း သုံးပြီး ချယ်လ်ဆီး အသင်းမှာ ခြေစွမ်း ကျဆင်းမှုတွေ ဖြစ်ပေါ်နေတဲ့ Hazard ကို ခေါ်ယူဖို့် ကြိုးပမ်း လာဖွယ် ရှိနေ ပါတယ်။ အစောပိုင်း ကတော့ Hazard ကို ရီးရဲလ် မက်ဒရစ် တစ်သင်းတည်း ကပဲ ခေါ်ယူ လိုနေတယ်လို့ သတင်းကြီး ခဲ့ပေမယ့် ပီအက်စ်ဂျီကလည်း ခေါ်ယူဖို့ ကြားဝင် လာတာပါ။

ပီအက်စ်ဂျီဟာ ချယ်လ်ဆီးအသင်းကနေ နောက်ခံလူ David Luiz ကိုလည်း ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့ဖူးပြီး Hazard ကိုလည်း ခေါ်ယူဖို့ အားထည့်လာတာဖြစ်ပါတယ်။ Hazard အတွက် ပီအက်စ်ဂျီအသင်းဟာ ငွေကြေးပေါင်သန်း ၈၀ နဲ့ အထက် အသုံးပြုဖွယ် ရှိနေပြီး Hazard ကတော့ အသင်းရဲ့ ရလဒ်ပိုင်းတွေနဲ့ နည်းပြက သူ့ကိုနောက်ပိုင်းပွဲတွေမှာ ချန်လှပ်လာတာကြောင့် အသင်းကနေ ထွက်ခွာချင်နေတယ်လို့လည်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးမှာ အောင်မြင်နေပေမယ့်လည်း ဥရောပမှာ ထင်သလိုဖြစ်မလာသေးတာကြောင့် ကမ္ဘာ့အဆင့်ကစားသမားတွေကို အားဖြည့်မှုတွေ ပြုလုပ်ချင်နေတာပါ။ ဒါ့ကြောင့် အရည်အသွေးကောင်းမွန်တဲ့ ဘယ်လ်ဂျီယံစတားကို အသင်းပိုင်ရှင်ကိုယ်တိုင်က အလိုရှိနေပြီးတဲ့နောက်မှာတော့ အပြောင်းအရွှေ့အတွက် အရှိန်မြင့်လုပ်ဆောင်လာတာပါ။

ချယ်လ်ဆီးအသင်းကလည်း နှစ်သင်းကြားအပြောင်းအရွှေ့ ကိစ္စတွေကြောင့် ပီအက်စ်ဂျီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိထားပြီး ချယ်လ်ဆီးအသင်းကလည်း ပီအက်စ်ဂျီနောက်ခံလူ Marquinhos ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

အသင်းမှာ အားနည်းနေမှုတွေအတွက် ချယ်လ်ဆီးအသင်းဟာ အဲဗာတန်နောက်ခံလူ John Stones ကို ငွေကြေးများများသုံးပြီး ခေါ်ယူဖို့ ကြိုးစားနေသလို လိုအပ်နေတဲ့ တိုက်စစ်အတွက်လည်း ကစားသမားကောင်း တစ်ယောက်ယောက်ကို ကာလတိုစာချူပ်နဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Ref : Goal.com

Original link - http://sports.thithtoolwin.com/2015/11/hazard.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment