မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 27, 2015

မန်ယူ၊ အာဆင်နယ်၊ လီဗာပူး အသီးသီးနိုင်ပွဲ များရ ရှိပြီး မန်စီးတီး ဂိုးပြတ်ရှုံး




ယမန်နေ့ည ကစားခဲ့ သော ပရီးမီးယားလိဂ် ပွဲစဉ်များ တွင် မန်စီးတီး အသင်းမှ အပ ကျန် အသင်း ကြီးများ ဖြစ်သော မန်ယူ၊ အာဆင်နယ်၊ လီဗာပူးတို့ နိုင်ပွဲ အသီးသီး ရရှိ ခဲ့သည်။

မန်ယူ အသင်းသည် ဆန်းဒါးလန်းကို ဒီပေး၊ ရွန်နီ၊ မာတာတို့ ၏ သွင်းဂိုးများ ဖြင့် ၃-၀ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်။

အာဆင်နယ် ကလည်း လက်စတားစီးတီး အိမ်ကွင်းတွင် ဆန်း ချက်၏ ဟက်ထရစ်သွင်းဂိုး၊ ၀ဲလ် ကော့၊ ဂီရော့တို့၏ သွင်းဂိုး တစ် ဂိုးစီဖြင့် ၅-၂ ဂိုးဖြင့်အနိုင် ရရှိခဲ့ သည်။

လီဗာပူးသည် အိမ်ကွင်းတွင် အက်စတွန်ဗီလာကို စတားရစ် ၏ သွင်းဂိုးနှစ်ဂိုး၊ မီနာ၏ သွင်းဂိုး တစ်ဂိုးဖြင့် ၃-၂ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။

စပါး အိမ်ကွင်း၌ မန်စီးတီးကို ပထမပိုင်းတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေ ရာမှ ဒုတိယ ပိုင်းတွင် စပါးမှ ဒီယာ၊ အယ်လ်ဒါဝီရယ်၊ လာ မယ်လာနှင့် ဟယ်ရီကိန်းတို့က လေးဂိုး ဆက်သွင်းကာ ၄-၁ ဂိုးဖြင့်အနိုင် ရရှိခဲ့သည်။

ဘွန်ဒက်စ်လီဂါတွင် ဘိုင် ယန်မြူးနစ်က မိန့်ဇ်ကို သုံးဂိုးပြတ် အနိုင်ရ ရှိခဲ့သည်။

လာလီဂါတွင် ဘာစီလိုနာက လက်စ်ပါးမားစ်ကို ၂−၁ဂိုးဖြင့် အနိုင်ရ ရှိခဲ့သော် လည်း အဓိက ကစားသမား မက်ဆီ ပွဲအစပိုင်း မှာပင် ဒဏ်ရာ ရခဲ့ပြီး လူစားလဲ ခဲ့ရသည်။ ဒဏ် ရာကြောင့် ခုနစ်ပတ်၊ ရှစ်ပတ်ခန့် အနားယူ ရဖွယ်ရှိကြောင်း အ သင်းက ကနဦး သတင်း ထုတ်ပြန် ထားသည်။

—Ref:BBC

Original link - http://www.7daydaily.com/story/47309

No comments:

Post a Comment