
မန်ယူ ကစားသမား များ သည် နောက်ဆုံးတွင် နည်းပြလူးဝစ် ဗန်ဂါးလ်၏ နည်းစနစ် များကို ရင်းနှီး လာပြီး သေချာ ဖမ်းဆုပ် လာနိုင်ပြီ ဖြစ်ကြောင်း ကွင်းလယ် လူ မာတာက ထုတ်ဖော် ပြော ကြား လိုက်သည်။
မန်ယူသည် လက်ရှိတွင် ပရီးမီးယားလိဂ် အဆင့် (၂)ဖြစ်နေပြီး ယမန်နှစ်က ဗန်ဂါးလ် ရောက်လာချိန်တွင်လည်း အသင်းကို လိဂ်အပြီးတွင် အဆင့် (၄) နေရာရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
၎င်းတို့သည် ယခုရာသီ အစတွင်လည်း မြို့ခံပြိုင်ဘက် မန်စီးတီးနောက်တွင် ဒုတိယ နေရာမှ ကပ်လိုက်နေပြီး နှစ်မှတ် သာ ကွာဟနေသည်။
‘‘မန်နေဂျာတိုင်းကတော့ သူ တို့ ကိုယ်ပိုင်အလုပ်လုပ်ပုံ နည်း လမ်းတွေ ရှိကြပါတယ်။ သူ့မှာ ဆိုရင် အခြားမန်နေဂျာတွေနဲ့ တော်တော် ကွာခြားတဲ့ နည်းလမ်း ရှိပါတယ်။
သူရောက်လာတုန်းက ကျွန်တော်တို့ အစပိုင်းမှာ တော် တော်ခက်ခဲမယ် ပြောခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ နည်းစနစ်ပိုင်း အလုပ်လုပ်ပုံ ကို ကျွန်တော်တို့ ကျွမ်းလာပါ တယ်။ ဒီနှစ်ကတော့ ဗန်ဂါးလ်နဲ့ ဒုတိယနှစ်ဖြစ်ပြီး ကျွန်တော်တို့ ဟာ သူနဲ့တင်မကဘဲ ကစားသမား တစ်ဦးနဲ့တစ်ဦးပါ ပိုနားလည်မှု ရှိလာပါတယ်။ ကျွန်တော်တို့ ထပ် တိုးတက်လာမှာပါ’’ ဟု မာတာ က ဆိုသည်။
—Ref: Goal
Original link - http://www.7daydaily.com/story/47290

No comments:
Post a Comment