မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 27, 2015

စီးရီးအေ ချန်ပီယံ ဖြစ်နိုင်သေးဟု ဂျူဗင်တပ် နည်းပြ ပြောကြား




တူရင် - စနေနေ့က နာပိုလီကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး အဆိုးရွားဆုံး ရာသီ အစကို ဆက်လက် ရင်ဆိုင်နေ ရသော်လည်း ဂျူဗင်တပ် အသင်းသည် စီးရီးအေ ချန်ပီယံ jဖစ်နိုင်ဆဲ ဟု နည်းပြ အယ်လီဂရီက အခိုင်အမာ ပြောသည်။

နာပိုလီ အတွက် လိုရန်ဇိုနှင့် ဟီဂူအင်တို့က ဂိုးများ သွင်းယူ ခဲ့ပြီး ဂျူဗင်တပ်မှာ ယခုရာသီ ၎င်း တို့၏ တတိယ ရှုံးပွဲကို ကြုံခဲ့ရသည်။ သို့သော် အယ်လီဂရီကမူ ဂျူဗင်တပ် အသင်းသည် မကြာမှီ ဇယား ထိပ်ပိုင်းသို့ ပြန်ရောက် လာမည်ဟု ပြောကြားပြီး အသင်းမှ အဓိက ကစားသမားများ ဒဏ်ရာ ရနေသဖြင့် အတွေ့အကြုံ နည်းသူများနှင့် ကစားနေ ရသောကြောင့် အသင်း အတွက် ခက်ခဲနေ သည်ဟု ၎င်းက ပြောသည်။

‘‘ခက်ခဲတဲ့ အချိန်ပါ။ ဒါပေမဲ့လည်း ပြိုင်ပွဲက ရှည်ကြာတယ်။ ချန်ပီယံလို စိတ်ဓာတ်နဲ့ ကစားရမယ်။ ထိပ်ဆုံး နေရာကို တိုက်ပွဲ ၀င်ဖို့ ဂျူဗင်တပ် ပြန်လာပါမယ်။ အခက် အခဲက ရုန်းထွက် ရမယ်။

ဒဏ်ရာ ရနေတဲ့ ကစား သမားတွေ ပြန်ပါ လာရင်တော့ အတွေ့ အကြုံရင့် ကစားသမားတွေနဲ့ ပြန်ကစားနိုင် ပါလိမ့်မယ်’’ဟု အယ်လီဂရီက ပြောသည်။

နာပိုလီနှင့် ပွဲတွင် ကစားပုံ မဆိုးသော်လည်း တစ်ဖက် အသင်းက တန်ပြန် တိုက်စစ် အလွန်ကောင်း ခဲ့သည်ဟု အယ်ရီဂရီက ပြောသည်။

—Ref:Goal

Original link - http://www.7daydaily.com/story/47399

No comments:

Post a Comment