မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 27, 2015

မက်ဆီ ဒူးဒဏ်ရာကြောင့် နှစ်လအထိ အနားယူရမည်




လက်စ်ပါးမားစ်အ သင်းကို ဘာကာက ၂-၁ ဂိုးဖြင့် နိုင်ခဲ့သော ပွဲတွင် ဘာကာ တိုက် စစ်မှူး မက်ဆီသည် နောက်ခံလူ ပက်ဒရို အီဂက်စ်နှင့် တိုက်မိပြီး နောက် ပထမပိုင်း ပြီးအောင် မကစားနိုင် ခဲ့ဘဲ နှစ်လကြာ အထိ အနားယူ ရတော့မည် ဖြစ်သည်။

အာဂျင်တီးနား လက်ရွေးစင် မက်ဆီ (၂၈) နှစ်သည် ပွဲအစ သုံး မိနစ်ခန့်တွင် ၁၈ ကိုက် စည်းအ တွင်း ပက်ဒရိုဘီဂက်စ်နှင့် တိုက် မိပြီးနောက် ပြန်လည်ကစားရန် ကြိုးစားခဲ့သော်လည်း မကစားနိုင် တော့သဖြင့် နည်းပြ အန်းနရစ်က ခုနစ်မိနစ်ကြာပြီးနောက် မူနာနှင့် လူစားလဲခဲ့သည်။

မက်ဆီ၏ ဘယ်ဘက်ဒူး ခေါင်းအတွင်းပိုင်း အရွတ်ဒဏ်ရာ ရရှိမှုကြောင့် ၎င်းသည် သီတင်း ခုနစ်ပတ်မှ ရှစ်ပတ်အထိ အနား ယူရမည်ဟု ဘာစီလိုနာအသင်း ၏ တရားဝင် တွစ်တာအကောင့် တွင် ကြေညာထားသည်။

ကမ္ဘာ့အကောင်းဆုံး ဘော လုံးသမားဆု လေးကြိမ်ရ မက်ဆီ သည် ယင်းဒဏ်ရာကြောင့် နိုဝင် ဘာ ၂၁ ရက်တွင် ရီးရဲလ်နှင့် ရင် ဆိုင်ရမည့်ပွဲကို လွဲချော်နိုင်သည်။

—Ref: AP

Original link - http://www.7daydaily.com/story/47335

No comments:

Post a Comment