
ပရီးမီးယားလိဂ် ချန်ပီယံ ချယ်လ်ဆီးသည် နယူး ကာဆယ် အိမ်ကွင်းတွင် ရာမီးရက်ဇ်နှင့် ၀ီ လီယံတို့၏ နောက်ကျ သွင်းဂိုးများ ကြောင့် နှစ်ဂိုးစီ သရေ ကျခဲ့ပြီး စပိန် လာလီဂါတွင် ရီးရဲလ်မှာ အိမ်ကွင်းတွင် ဂိုးသွင်းခွင့်များ ဖန် တီးနိုင် ခဲ့သော်လည်း မာလာဂါကို ဂိုးမရှိ သရေကျ ခဲ့သည်။
အီတလီ စီးရီးအေ ယခုရာ သီတွင် ရလဒ်ဆိုးရွားနေသော ချန်ပီယံ ဂျူဗင်တပ်သည် နာပိုလီကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
နယူးကာဆယ်က ချယ်လ် ဆီးကို ပထမပိုင်းပြီးခါနီးတွင် ပီး ရက်ဇ်၏ ဂိုးဖြင့် ဦးဆောင်ထားခဲ့ ပြီး ဒုတိယပိုင်းတွင် ၀ီနယ်ဒမ်က တစ်ဂိုး ထပ်သွင်းခဲ့သည်။
ဒုတိယပိုင်းတွင် ခြေစွမ်းပြန် ငြိမ်လာသော ချယ်လ်ဆီးအတွက် ၇၉ မိနစ်တွင် ရာမီးရက်ဇ်က ချေပဂိုး သွင်းပြီး ၀ီလီယံက ၈၆ မိနစ်တွင် ချေပခဲ့၍ နှစ်ဂိုးစီ သရေ ကျခဲ့သည်။
ယင်းရလဒ်အတွက် ချယ်လ် ဆီးနည်းပြ မော်ရင်ဟိုက ချယ်လ် ဆီးအသင်း ကြယ်ပွင့်မျာအပေါ် အပြစ်တင်ပြီး တိုက်စစ်မှူး ကော် စတာ ပွဲပယ်ခံထားရခြင်းအပေါ် ဝေဖန်ပြောဆိုသည်။
လာလီဂါတွင် တစ်ယောက် လျော့ မာလာဂါကို ရီးရဲလ်က အ သာစီး ကစားနိုင်ခဲ့သော်လည်း ရော်နယ်ဒိုအပါအ၀င် ရီးရဲလ်အ သင်းသားများ ဂိုးသွင်းခွင့်များ အ သုံးမချနိုင်၍ ဂိုးမရှိသရေကျခဲ့ သည်။
ရီးရဲလ်က ၃၁ ကြိမ် ဂိုးကန် သွင်းပြီး ၁၁၉ ကြိမ် တိုက်စစ်ဆင် ကာ တောင်ပံမှ ဖြတ်ကျော်မှု ၄၂ ကြိမ်၊ ဖြတ်တင်ဘော ၅၈ ကြိမ် နှင့် ထောင့်ကန်ဘော ၁၂ ကြိမ် ရရှိခဲ့ကာ ဂိုးဖန်တီးမှု ဘောလုံး ပေးပို့မှု ၂၄ ကြိမ် ရှိခဲ့သော်လည်း မာလာဂါကို ဂိုးမရှိ သရေကျခဲ့ ခြင်းဖြစ်သည်။
စီးရီးအေတွင် နိုင်ပွဲတစ်ပွဲ သာရသေးသည့် လက်ရှိချန်ပီယံ ဂျူဗင်တပ်မှာ နာပိုလီ အိမ်ကွင်း တွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့၍ ရမှတ် ငါးမှတ်ဖြင့် အမှတ်ပေးဇယား နံပါတ် ၁၃ နေရာတွင် ရှိနေကာ နံပါတ် (၁) နေရာမှ အင်တာမီ လန်နှင့် ၁၀ မှတ် ကွာဟနေပြီဖြစ် သည်။
တတိယနေရာမှ ရိုးမားက ကာပီအသင်းကို ၅-၁ ဂိုးဖြင့် နိုင် သောပွဲတွင် အသင်းခေါင်းဆောင် တော့တီ ပေါင်ဒဏ်ရာရခဲ့သဖြင့် တစ်လကြာ အနားယူရမည်ဖြစ် ကြောင်း သိရသည်။
—Ref: AP/Goal
Original link - http://www.7daydaily.com/story/47340

No comments:
Post a Comment