၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲ အဖြစ် နိုဝင်ဘာ ၁၂ ရက် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မှာ ကစားမယ့် ဘရာဇီး အာဂျင်တီးနား ပြိုင်ပွဲဟာ သည်းထန်တဲ့ မိုးကြောင့် ပွဲမကစားမှီ ၁ နာရီမှာ ရွှေ့ဆိုင်း လိုက်ရပါတယ်။
ပြိုင်ပွဲကျင်းပမယ့် မိုနျူမင်တာ ဘောလုံးကွင်းဟာ ရေတွေ လွှမ်းမိုး ခဲ့သလို ပရိသတ်တွေကလည်း ကားကြပ်တဲ့ အတွက် ကွင်းကို မရောက်လာနိုင်ဘူးလို့ ဘရာဇီး အရာရှိကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။
အာဂျင်တီးနား ကိုယ်စားလှယ်နဲ့ ပြိုင်ပွဲအတွက် တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့ပြီး ဖြစ်သလို ကစားပွဲက ကျင်းပနိုင်မှာ မဟုတ်တော့ဘူးလို့ ဘရာဇီးလက်ထောက်နည်းပြက ပြောပါတယ်။
လျှပ်စီးများလက် မိုးသီးတွေကျပြီး ရာသီဥတု အခြေအနေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ မိုးလေ၀သ ခန့်မှန်းချက်က ထုတ်ပြန်ထားပါတယ်။
ဘောလုံးပွဲကို နိုဝင်ဘာ ၁၃ ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။ ဒီပွဲစဉ်ဟာ တောင်အမေရိကတိုက်နိုင်ငံတွေရဲ့ ၃ ပွဲမြောက် ကမ္ဘာဖလားခြေစစ်ပွဲစဉ်လည်း ဖြစ်ပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/122247
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment