
ယူကရိန်းလက်ရွေးစင်အသင်းက မန်နေဂျာအသစ်အဖြစ် အေစီမီလန်နဲ့ ချဲလ်ဆီး ကစားသမားဟောင်း ရှက်ဖ်ချန်ကိုကို ခန့်အပ်လိုက်ပါတယ်။
အသက် ၃၉နှစ် ရှက်ဖ်ချန်ကို ကို ယူရို ၂၀၁၆ အုပ်စု ကနေ ထွက်ခဲ့ရပြီး စာချုပ် သက်တမ်းကုန်ဆုံး သွားတဲ့ မိုင်ခေလို ဖိုမန်ကို aနရာကို အစားထိုး ခဲ့တာ ဖြစ်ပါတယ်။ ယူရို ပြိုင်ပွဲမှာ ရှက်ဖ်ချန်ကိုဟာ ဖိုမန်ကိုရဲ့ လက်ထောက် အဖြစ် တာဝန်ယူ ခဲ့တာ ဖြစ်ပါတယ်။
၂ နှစ်စာချုပ်နဲ့ ရှက်ချန်ကိုကို ခန့်အပ် လိုက်တာ ဖြစ်ပြီး နောက်ထပ် ၂ နှစ် သက်တမ်းတိုးနိုင် တယ်လို့လည်း ဆိုပါတယ်။
၂၀၁၂ ခုနှစ်မှာ အနားယူခဲ့တဲ့ ဒိုင်နမိုကိယက်ဗ် ကစားသမားဟောင်းဟာ မန်နေဂျာအဖြစ် တခါမှ တာဝန်ယူ ထမ်းဆောင်ခဲ့ဖူးတာ မရှိပါဘူး။
၂၀၀၆ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲမှာ ရှက်ဖ်ချန်ကိုက ယူကရိန်းအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို အသင်းအတွက် ၄၈ ဂိုးသွင်းယူပေးထားပါတယ်။
၂၀၁၈ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် စက်တင်ဘာမှာ ယူကရိန်းဟာ အိုက်စလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ယူကရိန်းအသင်းဟာ တူရကီ၊ ခရိုအေးရှား၊ ဖင်လန်နဲ့ ကိုဆိုဗိုတိုနဲ့ အုပ်စုတခုတည်းကျရောက်နေ ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/159378

No comments:
Post a Comment