
ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လု ပွဲမှာ ဗြိတိန်က အန်ဒီ မာရေးက ကနေဒါက မီလော့စ် ရိုးနစ်ကို အနိုင်ရ ပြီး ဒုတိယမြောက် ၀င်ဘယ်ဒန် ဖလားကို ရရှိ သွားပါတယ်။
ဇူလိုင် ၁၀ ရက် ယှဉ်ပြိုင်တဲ့ ပွဲမှာ မာရေးရဲ့ ပြိုင်ဘက် ရိုးနစ်က ကမ္ဘာ့ အဆင့် ၆ ဖြစ်ပြီး ၆-၄၊ ၇-၆၊ ၇-၆ နဲ့ မာရေးကို ရှုံးသွားတာပါ။
ပွဲချိန် ၂ နာရီ ၄၈ မိနစ် ကြာခဲ့ပြီး မာရေးက အပေါ်စီးကနေ ကစားနိုင်ခဲ့ပါတယ်။
ကမ္ဘာ့နံပါတ် ၂ မာရေးဟာ ၀င်ဘယ်ဒန်ဖလားကို ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။
မာရေးဟာ ၂၀၁၂ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အခုတခေါက် ချန်ပီယံဖလားဟာ သူ့အတွက် တတိမြောက် ဂရန်းစလန်းဖလား ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158606

No comments:
Post a Comment