မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, July 10, 2016

အိမ်ရှင်ပြင်သစ်ကို အနိုင်ယူပြီး ပေါ်တူဂီ ယူရို ၂၀၁၆ ချန်ပီယံဖြစ် (ရုပ်သံဟိုက်လိုက်)




ဥရောပဖလား နောက်ဆုံး ဗိုလ်လု ပွဲစဉ်မှာ ပေါ်တူဂီက ပြင်သစ်ကို တဂိုးတည်းနဲ့ အနိုင်ယူပြီး ပထမဆုံး နိုင်ငံတကာ ဆုဖလား ကြီးကို ရရှိ သွားပါတယ်။

ဇူလိုင် ၁၀ ရက် ညက ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ပေါ်တူဂီ အတွက် တလုံး တည်းသော အနိုင်ဂိုးကို အချိန်ပိုမှာ အစား ၀င်လာတဲ့ အီဒါက သွင်းပေး ခဲ့ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို ဒဏ်ရာကြောင့် ၂၅ မိနစ်မှာ လူစားလဲ ခဲ့ရပါတယ်။

မိနစ် ၉၀ လုံး တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ခဲ့ကြဘဲ အချိန်ပြည့်ခါနီးမှာ ပြင်သစ်က အနိုင်ဂိုးရတော့မလို ဖြစ်ခဲ့ပါသေးတယ်။

ပြင်သစ်ဘက်က ဂစ်နစ်ရဲ့ကန်ချက် ဂိုးတိုင်နဲ့ထိပြီး ပြန်ထွက်လာခဲ့အတွက် ကံခေသွားတယ်လို့ ဆိုရမှာပါ။

အချိန်ပိုမှာ ပေါ်တူဂီဘက်က ဂါရိုင်ရို (Guerreiro) ရဲ့ အလွတ်တည်ကန်ဘောလည်း ဂိုးတန်းကိုထိပြီး ပြန်ထွက်ခဲ့ပါတယ်။

အချိန်ပို ဒုတိယပိုင်း ၄ မိနစ်မှာတော့ ပေါ်တူဂီတိုက်စစ်မှူး အီဒါက ၂၅ မီတာလောက်ကနေ အနိမ့်ဘော ကန်သွင်းပြီး ဒီပွဲအတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအတွက်ကတော့ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပြင်သစ်ကို ပထမဆုံး အနိုင်ရတာ ဖြစ်ပြီး ပထမဆုံး နိုင်ငံတကာ ဆုဖလားကို ရရှိတာလည်း ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/158595

No comments:

Post a Comment