
ပေါ်တူဂီ အသင်း၏ တိုက်စစ်မှူး အီဒါက ယူရို-၂၀၁၆ ဗိုလ်လုပွဲတွင် မိမိ အနိုင်ဂိုး သွင်းနိုင် လိမ့်မည်ဟု အားပေး ခဲ့ကြောင်း ၀န်ခံ ပြောကြား ခဲ့သည်။
ပေါ်တူဂီ အသင်းသည် ယူရို - ၂၀၁၆ ဗိုလ်လု ပွဲတွင် ပြင်သစ် အသင်းအား (၁-၀) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲ ခဲ့သည်။ ယင်းပွဲ၌ ပေါ်တူဂီ အသင်း အတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို ပွဲချိန် (၇၉) မိနစ်တွင် လူစားထိုး ၀င်ရောက် လာသည့် အီဒါက အချိန်ပို (၁၀၉) မိနစ်တွင် သွင်းယူ ခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယင်းပွဲတွင် ဒူးဒဏ်ရာ ရခဲ့ပြီး ပွဲချိန် (၂၄) မိနစ်၌ လူစားလဲ ခဲ့ရကာ ထမ်းစင်ဖြင့် ထွက်ခွာ သွားရ ချိန်တွင် မျက်ရည် လည်ရွှဲ ဖြစ်ခဲ့သည်။ ထို့နောက် စီရော်နယ်လ်ဒိုသည် ကွင်းဘေးမှ တစ်ဆင့် ပေါ်တူဂီ အသင်းဖော် များကို အားပေး မှုများ ပြုလုပ် ခဲ့သည်။
အီဒါက "စီရော်နယ်လ်ဒိုက ကျွန်တော် အနိုင်ဂိုး သွင်းနိုင် လိမ့်မယ်လို့ ပြောခဲ့ ပါတယ်။ သူက ကျွန်တော့်ကို ခွန်အားပေးပြီး ကြံ့ခိုင်စေ ခဲ့ပါတယ်။ ဒီဂိုးက အလွန် အရေးပါ ခဲ့ပါတယ်"ဟု ဆိုခဲ့သည်။
အီဒါသည် ဘီယာဟော့ဖ်၊ ၀ီးလ်တော့ဒ်၊ ထရာဇီဂေး၊ မာတာ၊ တောရက်စ် တို့နောက်ပိုင်း ယူရို ဗိုလ်လုပွဲတွင် လူစား ၀င်ပြီး ဂိုးသွင်းနိုင်သူ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Photo:AFP
Eleven Media Group
Originally published at - http://news-eleven.com/euro-2016/22081

No comments:
Post a Comment