ချန်ပီယံလိဂ် ကွားတား ဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ စပိန် လာလီဂါက အက်သလက် တီကို မက်ဒရစ်က ဘာစီလိုနာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီး ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ပထမပိုင်း ၃၆ မိနစ်မှာ အန်တိုနီယို ဂတ်စ်မင်းက အဖွင့်ဂိုး သွင်းယူ သွားခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ ပါတယ်။
ဒုတိယပိုင်း ၈၈ မိနစ်မှာတော့ ဂတ်စ်မင်းကပဲ ပင်နယ်တီကနေတဆင့် ဒုတိယဂိုးကို သွင်းယူသွားခဲ့ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာ နောက်တန်းကစားပုံညံ့ဖျင်းခဲ့ပြီး ဂတ်စ်မင်းကို ကပ်မကစားဘဲ လွှတ်ထားခဲ့တဲ့အတွက် အခုလို ဂိုးတွေပေးလိုက်ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိရှိခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်တွေလည်း အသာစီးရခဲ့ပါတယ်။
ပထမအကျော့ ဘာစီလိုနာကွင်းမှာတော့ ၂ ဂိုး ၁ ဂိုးနဲ့ ဘာစီလိုနာက အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ အက်သလက်တီကိုက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလို ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ အက်သလက်တီကိုက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/144624
Follow @OnlineReadingSite | Tweet |
No comments:
Post a Comment