ဧပြီ ၁၂ ရက်နေ့ ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ မန်ယူ အသင်းက အိမ်ရှင် ၀က်စ်ဟမ်း အသင်းကို ၂-၁ ဂိုးနဲ့ အနိုင် ရရှိသွားပြီး ဆီမီးဖိုင်နယ် တက်ရောက် သွားပါတယ်။
မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ခြေတက်ကစားသမားလေး မားကပ်စ် ရပ်စ်ဖို့က ဒုတိယပိုင်း ၅၄ မိနစ်မှာ ၀က်စ်ဟမ်း နောက်ခံလူ ၃ ဦး တားမြစ် ပိတ်ဆို့ ထားတဲ့ ကြားကနေ ဂိုးသမားရဲ့ ညာဘက်ထောင့်ကို လှလှပပ သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
မန်ယူ အသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ ရပေမယ့် အပြန်အလှန် ထိုးဖောက် ကစားနိုင် ခဲ့ပါတယ်။ မန်ယူအသင်း အတွက် ဒုတိယဂိုး ကိုတော့ ၆၇ မိနစ်မှာ မာရှယ် ကန်သွင်းတဲ့ ဘောလုံးကို ဖလိုင်နီက ဒူးနဲ့ အသာ တိုက်ယူပြီး သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင်ဝက်စ်ဟမ်း အသင်း အတွက် ခြေပဂိုး ကိုတော့ ၇၈ မိနစ်မှာ ဂျိမ်း တွမ်ကင်းစ်က သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ် ပထမအကျော့ မန်ယူအသင်း အိမ်ကွင်း အိုးထရက်ဖို့မှာ ကစားခဲ့တုန်းက နှစ်သင်း ၁-၁ ဂိုးနဲ့ သရေကျထားလို့ မန်ယူအသင်းက နှစ်ကျော့ပေါင်း ၃-၂ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/144608
Follow @OnlineReadingSite | Tweet |
No comments:
Post a Comment