မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 14, 2016

သရေကျသော်လည်း ချန်ပီယံလိဂ် ဘိုင်ယန် ဆီမီးတက် (ရုပ်သံ)




ဧပြီ ၁၄ ရက်မနက်ပိုင်းက ကစားသွားတဲ့ ချန်ပီယံလိဂ် ကွားတားဖိုင်နယ် ဒုတိယအကျော့မှာ ဂျာမနီ ဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ်နဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့ ၂ ဂိုးစီ သရေကျခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။

ပထမပိုင်း ၂၇ မိနစ်မှာ ဘင်ဖီကာတို့ အဖွင့်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်ထားခဲ့ပေမယ့် ၃၈ မိနစ်မှာ ဘိုင်ယန်က ချေပဂိုးသွင်းယူတာကြောင့် ပထမပိုင်းမှာတော့ ၁ ဂိုးစီသရေကျခဲ့ပါတယ်။

ဒုတိယပိုင်း ၅၂ မိနစ်မှာတော့ ဘိုင်ယန်က ဒုတိယဂိုးသွင်းယူခဲ့ပေမယ့် ၇၆ မိနစ်မှာ ဘင်ဖီကာတို့ ချေပဂိုးသွင်းယူလို့ ၂ ဂိုးစီသရေကျသွားတာဖြစ်ပါတယ်။

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့် အသာစီးရယူထားခဲ့ပါတယ်။

ပထမအကျော့ ဘိုင်ယန်ကွင်းမှာ ဘိုင်ယန်က ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ဘိုင်ယန်က ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ဘိုင်ယန်၊ စပိန်လာလီဂါက အက်သလက်တီကိုမက်ဒရစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်စီတီးတို့ တက်ရောက်သွားပါတယ်။ ဧပြီ ၁၅ ရက်မှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/144627


No comments:

Post a Comment