
မန်ယူ နည်းပြဟောင်း Ferguson နဲ့ ကွင်းလယ် ကစားသမား ဟောင်း David Beckham တို့ဟာ UNICEF ရန်ပုံငွေပွဲမှာ ဂရိတ် ဗြိတိန်+ အိုင်ယာလန် အသင်းမှာ ပြန်လည် လက်တွဲကြမှာ ဖြစ်ပါတယ်။
Ferguson ဟာ ဂရိတ်ဗြိတိန်+အိုင်ယာလန် အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်မှာ ဖြစ်ပြီး David Beckham ကတော့ အသင်း ခေါင်းဆောင် အနေနဲ့ ဦးဆောင် ကစားမယ်လို့ သိရ ပါတယ်။ ဒီဆရာ တပည့်နဲ့ ရန်ပုံငွေပွဲမှာ ယှဉ်ပြိုင် ရမယ့်အ သင်းကတော့ Rest of the World XI အသင်းပဲ ဖြစ်ပါတယ်။
Rest of the World XI အသင်းကို နည်းပြ အဖြစ် Carlo Ancelotti က တာဝန်ယူမှာ ဖြစ်ပြီး အသင်းခေါင်းဆောင် အနေနဲ့ ပြင်သစ်ဂန္တဝင် Zidane က ကစား သွားမယ်လို့ သိရပါတယ်။
သူတို့ဟာ ဒီရန်ပုံငွေပွဲကို ချို့တဲ့ ကလေးငယ်တွေ အတွက် ရည်ရွယ်ပြီး ကစားတယ်လို့ သိရပါတယ်။
ဒါကြောင့် David Beckham က " ကျွန်တော်ဟာ ကလေးငယ် တွေကို မလုံခြုံမှုတွေ ကြားမှာ မကြီးပြင်း စေချင်ပါဘူး။ သူတို့လေး တွေကို ငတ်မွတ် ခေါင်းပါးမှုနဲ့ ရောဂါဆိုး တွေကြား
ကနေ ကယ်တင် ချင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကနေ ရလာတဲ့ အကျိုးအမြတ်တွေက သူတို့ လေးတွေ အတွက် အားဆေး တစ်ခွက်ဖြစ် ပါလိမ့်မယ်။ "
" ကျွန်တော် ကတော့ သူငယ်ချင်း Zizou (Zidane) တို့နဲ့ ကစားရမယ့် အတွက် ဝမ်းမြောက် မိပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ အသင်းဖော်တွေ မိတ်ဆွေတွေ စုံစုံ ညီညီ ပြန်တွေ့ ရမှာမို့လို့ ပိုပြီး ဝမ်းမြောက် တာပေါ့လို့ " ပြောသွား ခဲ့ပါတယ်။
အဲ့ဒီ ရန်ပုံငွေ ပွဲကိုတော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ယှဉ်ပြိုင် ကစားသွား မယ်လို့ သိရပါတယ်။
Original link - http://sports.thithtoolwin.com/2015/10/unicef-ferguson-david-beckham.html

No comments:
Post a Comment