မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 4, 2015

FA ဥက္ကဌ Greg Dyke က ချယ်လ်ဆီးနည်းပြ Mourinho ကို ပြစ်တင်ခဲ့




FA ဥက္ကဌ Greg Dyke ဟာ ချယ်လ်ဆီး နည်းပြ Mourinho ကို ပြစ်တင် ခဲ့တယ်လို့ သိရပါတယ်။

Mourinho ဟာ အခြား နယ်ပယ်တွေမှာ အောင်မြင် နေပေမယ့် လူမှု ဆက်ဆံရေး နယ်ပယ် တွေမှာ ကျရှုံးနေတဲ့ သူလို့ တံဆိပ်ကပ် အပြစ်တင် လိုက်တာပါ။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့လက အသင်းဆရာဝန် Eva Carneiro နဲ့ ပြဿနာတက်ခဲ့တာကို Dyke ကရည်ွယ်ပြီးပြောကြားခဲ့တာပါ။

Dyke ဟာ FA အဖွဲ့ဝင်တွေကို စာတစ်စောင်ပေးပို့ခဲ့ပြီး မိမိတို့ဟာ စစ်မှန်မှုနဲ့ တရားမျှတမှုကို အမှန်တကယ်ဖော်ဆောင်ပေးရမယ်လို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။

Dyke ဟာ Mourinho ကို တောင်းပန်မှုတစ်ခုလောက် ပြုလုပ်ပေးသင့်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

ဒီသတင်းတွေဟာ FA အဖွဲ့ဝင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ Heather Rabbatts ဆီကနေ ကြားသိခဲ့ရတာဖြစ်ပါတယ်။

Heather Rabbatts ကတော့ FA ရဲ့ ဒီကိစ္စရပ်အပေါ်ကိုင်တွယ်မှုဟာ ပျော့ညံ့လွန်းတယ်လို့ ထင်နေတာဖြစ်ပြီး Mourinho ကို ထိုက်လျောက်တဲ့ ပြစ်ဒဏ်ပေးဖို့
တောင်းဆိုနေ ခဲ့တာဖြစ်ပါတယ်။

" Mourinho ဟာ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ပေမယ့် သူ့ကိုသူမှန်တယ်လို့ပဲ ထင်နေခဲ့ပါတယ်။ သူဟာ Carneiro ကို တောင်းပန်မှုတွေ ဘာတွေပြုလုပ်ခဲ့သင့်တာပါ။ ဒါပေမယ့် သူက ဒီကိစ္စကို အနည်းငယ်ပဲ စကားပြောထားပြီး တောင်းပန်မှုတောင် ပြုလုပ်ဖို့ ဝန်လေးနေခဲ့တယ်လို့ " Heather Rabbatts က သူမရဲ့ ထင်မြင်ချက်ကို ပြောပြသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဆရာဝန်များအဖွဲ့ကလည်း Mourinho ကို ပြစ်တင်ထားပြီး Carneiro ဘက်ကပဲ အပြည့်အဝရပ်တည်ပေးမယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒါကြောင့် ဒီကိစ္စရပ် မှာလည်း Mourinho ကတော့ ဗီလိန်ဇာတ်ကောင်ဖြစ်နေ ခဲ့ပြန်ပါတယ်။

Original link - http://sports.thithtoolwin.com/2015/10/fa-greg-dyke-mourinho.html

No comments:

Post a Comment