ဖိလစ်ပိုင် လူမျိုး လက်ဝှေ့ကျော် ပက်ကွီယိုဟာ အမေရိကန် ပြည်ထောင်စုမှာ တင်မူသီ ဘရတ္တလေနဲ့ ယှဉ်ပြိုင် ထိုးသတ်ဖို့ အတွက် ရောက်ရှိနေ ပါတယ်။
အသက် ၃၇ နှစ် အရွယ် ဖိလစ်ပိုင် လက်ဝှေ့ကျော်ကို ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့က လောစ်အိန်ဂျလိမြို့ လေဆိပ်မှာ ပရိသတ်တွေက လှိုက်လှိုက် လှဲလှဲ ကြိုဆို ကြပါတယ်။
လက်ဝှေ့ မထိုးခင် ဟောလီဝုဒ်မှာ လေ့ကျင့် မှုတွေကို လုပ်သွား မယ်လို့ ပက်ကွီယိုက သတင်းထောက်တွေကို ပြောပါတယ်။ စိတ်လှုပ်ရှားနေတယ် လို့လည်း သူက ပြောပါတယ်။
၁၂ ချီ ထိုးသတ်မယ့် လက်ဝှေ့ပွဲကို လက်စ်ဗီးဂတ်မြို့မှာ ဧပြီ ၉ ရက်နေ့ ကျရင် စီစဉ်ထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139378
No comments:
Post a Comment